လက္ရွိမုိဘုိင္းပလက္ေဖာင္းမွာ လူၾကိဳက္အမ်ားဆုံးျဖစ္ေနတဲ့ MOBA အမ်ဳိးအစားဂိမ္း Mobile Legends မွာ ျမန္မာႏုိင္ငံ ကိုယ္စားျပဳ ဟီးရုိးအသစ္တစ္ေယာက္ကို ထည့္လာဖို႔ သတင္းထြက္ေနပါတယ္။ အဆုိပါ ဟီးရိုး ကေတာ့ Fighter Role ျဖစ္ျပီး Speciality က Initiator / Crowd Control ျဖစ္လာမွာပါ။
ဟီးရုိးရဲ႕ အမည္ကိုေတာ့ မင္းစစ္သား “Minsitthar” လို႔ ေပးထားတာကို Leak ျဖစ္လာတဲ့ ဗီဒီယုိေတြထဲက ေတြ႕ရပါတယ္။ သူ႕ရဲ႕ ပုံပန္းသ႑ာန္အရေရာ နာမည္အရပါ မင္းက်န္စစ္ / က်န္စစ္သား ကို မွီျငမ္းထားတာ ျဖစ္မယ္လို႔ ယူဆရျပီး ဒီဟီးရိုးအသစ္ဟာ ပထမဆုံး ျမန္မာကိုယ္စားျပဳ ML ဟီးရုိး ျဖစ္လာမွာပါ။ က်န္စစ္သား ဆုိတဲ့ အမည္ကေတာ့ ႏုိင္ငံျခားသားေတြ အတြက္ ေခၚရခက္လို႔ ျဖစ္မယ္ ထင္ပါတယ္။
ML ကစားသူေတြအေနနဲ႔ေတာ့ ဟီးရိုးေတြမွာ အေျခခံအားျဖင့္ Passive ပါဝါတစ္ခု၊ Active (ႏွိပ္သုံးရတဲ့) ပါဝါ သုံးခု ပါတာကို သိၾကမွာပါ။ မင္းစစ္သားမွာလည္း ထို႔အတူပါပဲ။ သူ႕ရဲ႕ Passive Skill က ‘All United’ လို႔ အမည္ရျပီး ကိုယ့္အသင္းက လူတစ္ေယာက္က ရန္သူဟီးရုိးတစ္ေယာက္ကို သတ္တုိင္း သူက 80 Gold ရေနမွာ ျဖစ္သလို သူက ရန္သူဟီးရုိးတစ္ေယာက္ကို သတ္ရင္လည္း က်န္တဲ့အသင္းသားအားလုံး 20 Gold ရေစမွာပါ။
Mobile Legends ဟာ အေရွ႕ေတာင္အာရွမွာ အေအာင္ျမင္ဆုံးလို႔ ေျပာႏုိင္ျပီး အင္ဒုိနီးရွား ႏုိင္ငံဟာလည္း သူတုိ႔ရဲ႕ အမာခံပရိသတ္ေတြျဖစ္တဲ့အတြက္ အင္ဒုိနီးရွား ဒ႑ာရီထဲက ဟီးရုိး Gatotkaca ကုိ ဂိမ္းထဲ ထည့္ေပးခဲ့တာ ၾကာျပီျဖစ္ပါတယ္။
မင္းစစ္သားရဲ႕ ေရွ႕မွာ ထြက္လာစရာ ဟီးရုိး အနည္းငယ္ရွိေနေသးေပမယ့္ လနဲ႔ခ်ီျပီး ေတာင္းဆုိလာတဲ့ ျမန္မာကစားသူေတြရဲ႕ အားေၾကာင့္ ထြက္လာဖို႔ သိပ္ေတာ့ ၾကာေတာ့မွာ မဟုတ္ပါဘူး။ အခု ေဖာ္ျပထားတဲ့ Skill ေတြဟာ လက္ရွိအစမ္းဆာဗာမွ ေပါက္ၾကားလာတာ ျဖစ္တဲ့အတြက္ တကယ္တမ္း ထြက္လာတဲ့အခါ ေျပာင္းလဲမႈေတြလည္း ရွိေနဦးမွာ ျဖစ္ပါတယ္။
Source from Original Uploader
Unicode Version
လက်ရှိမိုဘိုင်းပလက်ဖောင်းမှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ MOBA အမျိုးအစားဂိမ်း Mobile Legends မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဟီးရိုးအသစ်တစ်ယောက်ကို ထည့်လာဖို့ သတင်းထွက်နေပါတယ်။ အဆိုပါ ဟီးရိုး ကတော့ Fighter Role ဖြစ်ပြီး Speciality က Initiator / Crowd Control ဖြစ်လာမှာပါ။
ဟီးရိုးရဲ့ အမည်ကိုတော့ မင်းစစ်သား “Minsitthar” လို့ ပေးထားတာကို Leak ဖြစ်လာတဲ့ ဗီဒီယိုတွေထဲက တွေ့ရပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်အရရော နာမည်အရပါ မင်းကျန်စစ် / ကျန်စစ်သား ကို မှီငြမ်းထားတာ ဖြစ်မယ်လို့ ယူဆရပြီး ဒီဟီးရိုးအသစ်ဟာ ပထမဆုံး မြန်မာကိုယ်စားပြု ML ဟီးရိုး ဖြစ်လာမှာပါ။ ကျန်စစ်သား ဆိုတဲ့ အမည်ကတော့ နိုင်ငံခြားသားတွေ အတွက် ခေါ်ရခက်လို့ ဖြစ်မယ် ထင်ပါတယ်။
ML ကစားသူတွေအနေနဲ့တော့ ဟီးရိုးတွေမှာ အခြေခံအားဖြင့် Passive ပါဝါတစ်ခု၊ Active (နှိပ်သုံးရတဲ့) ပါဝါ သုံးခု ပါတာကို သိကြမှာပါ။ မင်းစစ်သားမှာလည်း ထို့အတူပါပဲ။ သူ့ရဲ့ Passive Skill က ‘All United’ လို့ အမည်ရပြီး ကိုယ့်အသင်းက လူတစ်ယောက်က ရန်သူဟီးရိုးတစ်ယောက်ကို သတ်တိုင်း သူက 80 Gold ရနေမှာ ဖြစ်သလို သူက ရန်သူဟီးရိုးတစ်ယောက်ကို သတ်ရင်လည်း ကျန်တဲ့အသင်းသားအားလုံး 20 Gold ရစေမှာပါ။
ရွှေရောင်လှံနဲ့ ဒိုင်းကို ကိုင်စွဲလာတဲ့ ဘုရင်ကြီးမှာ ပထမ Skill အနေနဲ့ Spear of Glory ဖြစ်ပြီး ရန်သူတွေကို သူ့ရှေ့တည့်တည့် လိုင်းတလျှောက် လှံနဲ့ ထိုးပြီး Range အဆုံးက ရန်သူကို ကိုယ့်ဆီ ပါလာအောင် ဆွဲခေါ်မှာ ဖြစ်ပါတယ်။ ၂ စက္ကန့်တိတိ Attack Speed 30% လည်း တိုးမှာပါ။
ဒုတိယ Skill က Shield Assault ဖြစ်ပြီး ဒိုင်းနဲ့ တစ်ဖက်လူကို မူးဝေအောင် တိုက်လိုက်တာပါ။ အတိုက်ခံရတဲ့ ရန်သူဟီးရိုးရဲ့ ဘေးတည့်တည့်မှာ နောက်ထပ် ရန်သူတစ်ယောက် ရှိနေရင် အဲ့ဒီ နောက်ဟီးရိုးကိုပါ လွင့်စင်သွားစေမှာ ဖြစ်တယ်။
နောက်ဆုံး Ulti က King’s Calling လို့ အမည်ပေးထားပြီး သူ့ဘေးပတ်ပတ်လည်မှာ ကိုယ်ရံတော် လေးယောက်က ထောင့်လေးထောင့်ကနေ ပေါ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီစက်ဝိုင်းအတွင်းမှာ ရှိတဲ့ ရန်သူတွေကို တိုက်ခိုက်နေမှာဖြစ်ပြီး ကစားသူက ရွေးချယ်တိုက်ခိုက်တဲ့သူကို ဦးစားပေးပြီး ဝိုင်းချပေးမှာပါ။
Mobile Legends ဟာ အရှေ့တောင်အာရှမှာ အအောင်မြင်ဆုံးလို့ ပြောနိုင်ပြီး အင်ဒိုနီးရှား နိုင်ငံဟာလည်း သူတို့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့အတွက် အင်ဒိုနီးရှား ဒဏ္ဍာရီထဲက ဟီးရိုး Gatotkaca ကို ဂိမ်းထဲ ထည့်ပေးခဲ့တာ ကြာပြီဖြစ်ပါတယ်။
မင်းစစ်သားရဲ့ ရှေ့မှာ ထွက်လာစရာ ဟီးရိုး အနည်းငယ်ရှိနေသေးပေမယ့် လနဲ့ချီပြီး တောင်းဆိုလာတဲ့ မြန်မာကစားသူတွေရဲ့ အားကြောင့် ထွက်လာဖို့ သိပ်တော့ ကြာတော့မှာ မဟုတ်ပါဘူး။ အခု ဖော်ပြထားတဲ့ Skill တွေဟာ လက်ရှိအစမ်းဆာဗာမှ ပေါက်ကြားလာတာ ဖြစ်တဲ့အတွက် တကယ်တမ်း ထွက်လာတဲ့အခါ ပြောင်းလဲမှုတွေလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။
Source from Original Uploader
0 Comments