Unicode Version
အနုပညာလောကမှ အကဲစမ်းပြီးယုတ်မာခဲ့တဲ့ လူအကြောင်းပြောလာတဲ့ ပက်ထရစ်ရှာ (ရုပ်/သံ)….
ပရိသတ်အချစ်တော် ပက်ထရစ်ရှာကတော့ လက်တလော ပရိသတ်တွေကြားမှာ ညို့အားပြင်းတဲ့ မင်းသမီး ချောလေး အဖြစ်နဲ့ အရမ်းကို ရေပန်းစားနေပါတယ်။သို့ပေမယ့် တစ်ချို့သောပရိသတ်တွေကြားမှာတော့ သူမ ရဲ့နှလုံးသားရေးရာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။အကြောင်းကတော့ နိုင်ငံခြားသား အမျိုးသားတစ်ဦးကို ချစ်သူအဖြစ်ရွေးချယ်ခဲ့တာကြောင့် ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုတွေ ခံခဲ့ရတာလဲ ဖြစ်ပါတယ်။
သူမဟာ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ နှစ်အတော်ကြာရှိနေပါပြီ။အနုပညာအလုပ်တွေ လုပ်ကိုင်နေရင်းမှာပဲ အနုပညာလောကမှ လူမဆန်တဲ့လူတစ်ချို့ရဲ့ သွေးတိုးစမ်းခြင်းကို ခံနေရပါတယ်။ထိုလူတစ်ချို့ဟာ သူမအပေါ်ယုတ်မာအကဲဆန်းခဲ့တဲ့ လူတစ်ချို့နဲ့ပတ်သက်ပြီး အခုလိုပဲ ပြောပြလာပါတယ်။
“မဟုတ်ကဟုတ်က သတင်းတွေ လျှောက်ဖြန့်လိုက်တဲ့အခါ ရှာရှာအနေနဲ့ ရရမဲ့အလုပ်တွေမရဘဲ နစ်နာရပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့လည်း အနုပညာအလုပ်တွေကမ်းလှမ်းလာရင် Agency တွေက မကမ်းလှမ်းပဲနဲ့ဘဲ့ ရှာရှာအမေရဲ့ ဖုန်းနံပါတ်ကတစ်ဆင့်ဆက်သွယ်ပေးပါလို့ တောင်းဆိုလာပါတယ်။ တစ်ခါတစ်လေကျ ဒီလောက က ခက်တယ်သိလား။သူတို့ လုပ်ချင်သလို လုပ်လို့မရဖူး သူတို့စကားနဲ့မပြီးဖူး သူတို့ဖြစ်ချင်တဲ့အတိုင်းမဖြစ်ရင်အရမ်းနာမည်ဖျက်ကြတယ်။အလုပ်တွေကို လိုက်ပိတ်ပင်တဲ့ လူတွေအများကြီးပဲ ။အရမ်းလဲ ယုတ်မာကြတယ်။အဲ့လိုမျိုးတွေ ရှာရှာတော်တော်လေး ခံနေရတယ်။
“သူတို့လုပ်ချင်တိုင်းလုပ်လို့မရတော့…. ပထမက ဆရာလိုလိုနဲ့ ကိုယ့်ကိုတင်တယ်။နောက်ပိုင်းကျတော့ရမလားလို့ အကဲစမ်းတယ် ။ ယုတ်မာချင်တာမျိုးတွေပေါ့နော်။ကိုယ်ကတော့ ဆရာကောင်းလို့ ထင်ခဲ့ပေမဲ့ ကိုယ့်ကိုဒီယုန်မြင်လို့ ဒီချုံထွင်ခဲ့တာလို့ ဝမ်းနည်းစွာပြောလာပါတယ်။
source from myanmar cele 7
0 Comments