ကန္႔ဘလူၿမိဳ႔နယ္၌ ရဲ ရဲခ်င္းအုပ္စုဖြဲ႔၍ ဓါးခုတ္မႈျဖစ္ပြား

စစ္ကုိင္းတုိင္းေဒသႀကီး၊ ကန္႔ဘလူခရုိင္၊ ကန္႔ဘလူၿမိဳ႔၌ ေအာက္တုိဘာ(၂၇)ရက္ေန႔ ည(၁၀)နာရီခန္႔က ရဲ ရဲခ်င္းအုပ္စုဖြဲ႔၍ ဓါးခုတ္မႈျဖစ္ပြားေၾကာင္း ၿမိဳ႔မရဲစခန္းမွ သိရသည္။
ျဖစ္စဥ္မွာ ေအာက္တုိဘာ(၂၇)ရက္ေန႔ ည(၉)နာရီခြဲခန္႔က ခရုိင္ရဲတပ္ဖြဲ႔မွဴးရုံးမွ ရဲအရာခံေမာင္ေက်ာ္ႏွင့္ ရဲတပ္ၾကပ္ေဇာ္ေဇာ္သန္႔တုိ႔သည္ ၿမိဳ႕ပတ္လမ္းအတိုင္း ေနအိမ္သို႔ျပန္လာစဥ္ ကန္႔ဘလူၿမိဳ႔ GTC ေက်ာင္းအနီး အျဖဴေရာင္ကားတစ္စီးမွာ လမ္းေပၚတြင္ ကန္႔လန္႔ျဖတ္ရပ္၍ လမ္းေအာက္အေမွာင္ရိပ္တြင္ သစ္မ်ားတင္ေဆာင္ထားေသာ သံုးဘီးဆိုင္ကယ္ တစ္စီးေတြ႔ရွိရသျဖင့္ စစ္ေဆးေမးျမန္းရာ
လူတစ္ဦးမွ “လမ္းလယ္မွာရပ္ထားတဲ့ကားက ငါ့ကား၊ ငါက တိုင္းဒ/န ရဲတပ္ၾကပ္ေအာင္ျပည့္” ဟုေျပာၿပီး၊ အခုသံုးဘီးတစ္စီးဖမ္းထားလို႔ ခင္ဗ်ားတို႔ကဘယ္ကလဲဟု ျပန္္ေမးရာ၊ ရဲဲအရာခံေမာင္ေက်ာ္က ကန္႔ဘလူခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲအရာခံေမာင္ေက်ာ္ ျဖစ္ေၾကာင္းျပန္လည္ေျပာၾကားၿပီး၊ တိုင္းဒ/န ရဲတပ္ၾကပ္ေအာင္ျပည့္မွ ယခုသစ္တင္ေဆာင္ထားေသာသံုးဘီးမွာ တိုင္းဒ/နေၾကးမေပးလို႔ ငါဖမ္းထားတယ္
ခင္ဗ်ားကိုလြဲလိုက္မယ္၊ ခင္ဗ်ားလက္ခံၿပီး ဆက္လုပ္လိုက္ဟုေျပာရာ၊ ရဲအရာခံေမာင္ေက်ာ္မွ ၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားေပးမည္ျဖစ္ေၾကာင္းေျပာရာ၊ တိုင္းဒ/န ရဲတပ္ၾကပ္ေအာင္ျပည့္က “ငါလိုးမသားရဲအရာခံ မင္းဒါေလးေတာင္ မလုပ္တက္ဘူးလား၊ ေစာက္သံုးမက်ဘူး” ဟု ဆဲဆို၍
ရဲအရာခံေမာင္ေက်ာ္၏ရင္ဘက္ကို ေဆာင့္တြန္းလိုက္၍လဲက်သြားသျဖင့္ အရက္အလြန္အကၽြံေသာက္ထားေသာ တိုင္းဒ/နရဲတပ္ၾကပ္ေအာင္ျပည့္ႏွင့္ ရဲတပ္ဖြဲ႔အခ်င္းခ်င္း မလိုလားအပ္ေသာ ျပသနာျဖစ္မည္စိုး၍ ရဲတပ္ၾကပ္ေဇာ္ေဇာ္သန္႔ႏွင့္အတူ ၿမိဳ႕မရဲစခန္းသို႔သြားေရာက္အေၾကာင္းၾကားေပးရန္အတြက္
ဆိုင္ကယ္စက္ႏိုးေနစဥ္ တိုင္းဒ/နရဲတပ္ၾကပ္ေအာင္ျပည့္မွ ဆိုင္ကယ္ေသာ့အားျဖဳတ္ယူသြားၿပီး ၎၏ညီျဖစ္သူအငယ္ေလးအား ဖုန္းဆက္ေခၚလိုက္ရာ မိနစ္အနည္းငယ္ခန္႔အၾကာတြင္ ဆိုင္ကယ္မ်ားျဖင့္အမည္မသိလူ ၃ ဦးတို႔ႏွင့္အတူ ေရာက္ရွိလာၿပီး
ရဲအရာခံေမာင္ေက်ာ္အား “ငါလိုးမသား မေအလိုး”ဟု ဆဲဆို၍ တိုင္းဒ/နရဲတပ္ၾကပ္ေအာင္ျပည့္ႏွင့္ ၎၏ညီအငယ္ေလးပါ လူ ၅ ဦးတို႔ ၀ိုင္း၀န္းထိုးႀကိတ္ေနသျဖင့္ ရဲတပ္ၾကပ္ေဇာ္ေဇာ္သန္႔က မလုပ္ၾကရန္ ၀င္ေရာက္တားျမစ္ေနစဥ္ ၎ဖမ္းထားေသာသံုးဘီးမွာ ေမာင္းေျပးသြားသျဖင့္
ရဲတပ္ၾကပ္ေဇာ္ေဇာ္သန္႔ကိုပါ ထပ္မံ ၀ိုင္း၀န္းလက္သီးႏွင့္ထိုးႏွက္ၿပီး ၎တို႔အဖြဲ႔ထဲမွ အမည္မသိလူတစ္ဦးက တိုင္းဒ/နရဲတပ္ၾကပ္ေအာင္ျပည့္၏ ကားေပၚတြင္ အသင့္ပါလာေသာ ဓါးရွည္အားယူ၍ ရဲအရာခံေမာင္ေက်ာ္ႏွင့္ ရဲတပ္ၾကပ္ေဇာ္ေဇာ္သန္႔တို႔ႏွစ္ဦးအား လိုက္လန္ထိုးခုတ္သျဖင့္
ရဲတပ္ၾကပ္ေဇာ္ေဇာ္သန္႔မွာ ဦးေခါင္းတြင္ ၁ လက္မခန္႔ ျပတ္ရွဒဏ္ရာ ၁ ခ်က္၊ ၀ဲဘက္လက္ဖ၀ါးတြင္ ၂ လက္မခန္႔ျပတ္ရွဒဏ္ရာ ၁ ခ်က္၊ ၀ဲ/ယာေပါင္ႏွင့္ေျခသလံုးမ်ားတြင္ ျပတ္ရွဒဏ္ရာမ်ား ႏွင့္ ရဲအရာခံေမာင္ေက်ာ္မွာ ၀ဲ/ယာပါးႏွင့္မ်က္ခံုးတို႔၌ ဖုေရာင္ေပါက္ၿပဲဒဏ္ရာမ်ားႏွင့္ ေနာက္ေက်ာတြင္ ဓါးျပားႏွင့္ရိုက္ႏွက္ထားသည့္ ညိဳမဲဒဏ္ရာတို႔ျဖင့္ အသက္လုထြက္ေျပးခဲ့ရၿပီး၊ ကန္႔ဘလူျပည္သူ႔ေဆးရံုတြင္ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။
၎ျဖစ္စဥ္ႏွင့္ပါတ္သက္၍ စစ္ကိုင္းတိုင္းမႈခင္းႏွိမ္နင္းေရးအဖြဲ႔မွ ရဲတပ္ၾကပ္ေအာင္ျပည့္ႏွင့္ ၎၏ညီျဖစ္သူ အငယ္ေလးပါ အမည္မသိ လူ ၅ ဦးတို႔အား ဥပေဒအရ အေရးယူေပးပါရန္ ရဲအရာခံေမာင္ေက်ာ္ က တရားလိုျပဳလုပ္တိုင္တန္း၍ ကန္႔ဘလူၿမိဳ႔မရဲစခန္းမွ (ပ)၂၂၉/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၂၄/၂၉၄/၃၂၃/၁၁၄တို႔ျဖင့္ အသီးသီး အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
...
Credit original source


UniCode Version
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ အောက်တိုဘာ(၂၇)ရက်နေ့ ည(၁၀)နာရီခန့်က ရဲ ရဲချင်းအုပ်စုဖွဲ့၍ ဓါးခုတ်မှုဖြစ်ပွားကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ(၂၇)ရက်နေ့ ည(၉)နာရီခွဲခန့်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာခံမောင်ကျော်နှင့် ရဲတပ်ကြပ်ဇော်ဇော်သန့်တို့သည် မြို့ပတ်လမ်းအတိုင်း နေအိမ်သို့ပြန်လာစဉ် ကန့်ဘလူမြို့ GTC ကျောင်းအနီး အဖြူရောင်ကားတစ်စီးမှာ လမ်းပေါ်တွင် ကန့်လန့်ဖြတ်ရပ်၍ လမ်းအောက်အမှောင်ရိပ်တွင် သစ်များတင်ဆောင်ထားသော သုံးဘီးဆိုင်ကယ် တစ်စီးတွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ
လူတစ်ဦးမှ “လမ်းလယ်မှာရပ်ထားတဲ့ကားက ငါ့ကား၊ ငါက တိုင်းဒ/န ရဲတပ်ကြပ်အောင်ပြည့်” ဟုပြောပြီး၊ အခုသုံးဘီးတစ်စီးဖမ်းထားလို့ ခင်ဗျားတို့ကဘယ်ကလဲဟု ပြန််မေးရာ၊ ရဲဲအရာခံမောင်ကျော်က ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာခံမောင်ကျော် ဖြစ်ကြောင်းပြန်လည်ပြောကြားပြီး၊ တိုင်းဒ/န ရဲတပ်ကြပ်အောင်ပြည့်မှ ယခုသစ်တင်ဆောင်ထားသောသုံးဘီးမှာ တိုင်းဒ/နကြေးမပေးလို့ ငါဖမ်းထားတယ်
ခင်ဗျားကိုလွဲလိုက်မယ်၊ ခင်ဗျားလက်ခံပြီး ဆက်လုပ်လိုက်ဟုပြောရာ၊ ရဲအရာခံမောင်ကျော်မှ မြို့မရဲစခန်းသို့ အကြောင်းကြားပေးမည်ဖြစ်ကြောင်းပြောရာ၊ တိုင်းဒ/န ရဲတပ်ကြပ်အောင်ပြည့်က “ငါလိုးမသားရဲအရာခံ မင်းဒါလေးတောင် မလုပ်တက်ဘူးလား၊ စောက်သုံးမကျဘူး” ဟု ဆဲဆို၍
ရဲအရာခံမောင်ကျော်၏ရင်ဘက်ကို ဆောင့်တွန်းလိုက်၍လဲကျသွားသဖြင့် အရက်အလွန်အကျွံသောက်ထားသော တိုင်းဒ/နရဲတပ်ကြပ်အောင်ပြည့်နှင့် ရဲတပ်ဖွဲ့အချင်းချင်း မလိုလားအပ်သော ပြသနာဖြစ်မည်စိုး၍ ရဲတပ်ကြပ်ဇော်ဇော်သန့်နှင့်အတူ မြို့မရဲစခန်းသို့သွားရောက်အကြောင်းကြားပေးရန်အတွက်
ဆိုင်ကယ်စက်နိုးနေစဉ် တိုင်းဒ/နရဲတပ်ကြပ်အောင်ပြည့်မှ ဆိုင်ကယ်သော့အားဖြုတ်ယူသွားပြီး ၎င်း၏ညီဖြစ်သူအငယ်လေးအား ဖုန်းဆက်ခေါ်လိုက်ရာ မိနစ်အနည်းငယ်ခန့်အကြာတွင် ဆိုင်ကယ်များဖြင့်အမည်မသိလူ ၃ ဦးတို့နှင့်အတူ ရောက်ရှိလာပြီး
ရဲအရာခံမောင်ကျော်အား “ငါလိုးမသား မအေလိုး”ဟု ဆဲဆို၍ တိုင်းဒ/နရဲတပ်ကြပ်အောင်ပြည့်နှင့် ၎င်း၏ညီအငယ်လေးပါ လူ ၅ ဦးတို့ ၀ိုင်း၀န်းထိုးကြိတ်နေသဖြင့် ရဲတပ်ကြပ်ဇော်ဇော်သန့်က မလုပ်ကြရန် ၀င်ရောက်တားမြစ်နေစဉ် ၎င်းဖမ်းထားသောသုံးဘီးမှာ မောင်းပြေးသွားသဖြင့်
ရဲတပ်ကြပ်ဇော်ဇော်သန့်ကိုပါ ထပ်မံ ၀ိုင်း၀န်းလက်သီးနှင့်ထိုးနှက်ပြီး ၎င်းတို့အဖွဲ့ထဲမှ အမည်မသိလူတစ်ဦးက တိုင်းဒ/နရဲတပ်ကြပ်အောင်ပြည့်၏ ကားပေါ်တွင် အသင့်ပါလာသော ဓါးရှည်အားယူ၍ ရဲအရာခံမောင်ကျော်နှင့် ရဲတပ်ကြပ်ဇော်ဇော်သန့်တို့နှစ်ဦးအား လိုက်လန်ထိုးခုတ်သဖြင့်
ရဲတပ်ကြပ်ဇော်ဇော်သန့်မှာ ဦးခေါင်းတွင် ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀ဲဘက်လက်ဖဝါးတွင် ၂ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀ဲ/ယာပေါင်နှင့်ခြေသလုံးများတွင် ပြတ်ရှဒဏ်ရာများ နှင့် ရဲအရာခံမောင်ကျော်မှာ ၀ဲ/ယာပါးနှင့်မျက်ခုံးတို့၌ ဖုရောင်ပေါက်ပြဲဒဏ်ရာများနှင့် နောက်ကျောတွင် ဓါးပြားနှင့်ရိုက်နှက်ထားသည့် ညိုမဲဒဏ်ရာတို့ဖြင့် အသက်လုထွက်ပြေးခဲ့ရပြီး၊ ကန့်ဘလူပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ စစ်ကိုင်းတိုင်းမှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ်အောင်ပြည့်နှင့် ၎င်း၏ညီဖြစ်သူ အငယ်လေးပါ အမည်မသိ လူ ၅ ဦးတို့အား ဥပဒေအရ အရေးယူပေးပါရန် ရဲအရာခံမောင်ကျော် က တရားလိုပြုလုပ်တိုင်တန်း၍ ကန့်ဘလူမြို့မရဲစခန်းမှ (ပ)၂၂၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၄/၂၉၄/၃၂၃/၁၁၄တို့ဖြင့် အသီးသီး အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

...
Credit original source

Post a Comment

0 Comments