ျမန္မာဟာ လွ်ပ္စစ္ဘတ္စ္ကားေတြ ထုတ္လုပ္ရာမွာ အေရွ႕ေတာင္အာရွႏိုင္ငံေတြရဲ႕ အခ်က္အခ်ာႏိုင္ငံ ျဖစ္တဲ့အထိ ရည္ရြယ္ထားၿပီး ကားနဲ႔ ဆက္စပ္ပစၥည္းေတြ ထုတ္လုပ္တင္ပို႔ သြားမယ္လို႔ စက္မႈဝန္ႀကီးက ေျပာပါတယ္။
စက္မႈဝန္ႀကီးဌာနနဲ႔ Green Power Myanmar ကုမၸဏီတို႔ ေရတာရွည္ၿမိဳ႕နယ္၊ သာဂရ စက္မႈနယ္ေျမမွာ လွ်ပ္စစ္ဘတ္စ္ကားေတြ ထုတ္လုပ္ဖို႔၊ အားျဖည့္စခန္းေတြ ပူးေပါင္း တည္ေဆာက္ဖို႔ ႏိုဝင္ဘာ ၄ ရက္က လုပ္တဲ့ ေဆြးေႏြးသေဘာတူမႈ စာလႊာလက္မွတ္ထိုးပြဲမွာ ေျပာခဲ့တာပါ။
ဝန္ႀကီးဦးခင္ေမာင္ခ်ိဳက မိမိတို႔ႏိုင္ငံအေနနဲ႔လည္း သဘာဝပတ္ဝန္းက်င္ မပ်က္စီးေစဖို႔ ကာဗြန္ထုတ္လုပ္မႈ ေလ်ာ့ခ် ေဆာင္ရြက္ႏိုင္ေရးအတြက္ အီလက္ထရစ္ကားေတြ တပ္ဆင္ ထုတ္လုပ္ဖို႔ လိုအပ္လာတာေၾကာင့္ ဟန္ေဂရီႏိုင္ငံ Csepel ကုမၸဏီရဲ႕ နည္းပညာနဲ႔ Green Power Myanmar ကုမၸဏီတို႔ ပူးေပါင္းၿပီး လၽွပ္စစ္ဘတ္စ္ကားေတြ ထုတ္လုပ္ဖို႔၊ အားျဖည့္ စခန္းေတြ တည္ေဆာက္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။
ျမန္မာႏိုင္ငံကို လၽွပ္စစ္ဘတ္စ္ကားေတြနဲ႔ ဆက္စပ္ပစၥည္း အစိတ္အပိုင္းေတြ အလြယ္တကူ ထုတ္လုပ္ေပးႏိုင္ၿပီး တင္ပို႔ႏိုင္တဲ့ ႏိုင္ငံအျဖစ္၊ လၽွပ္စစ္ဘတ္စ္ကား ထုတ္လုပ္မႈမွာ အေရွ႕ေတာင္ အာရွႏိုင္ငံေတြရဲ႕ အခ်က္အခ်ာႏိုင္ငံ ျဖစ္တဲ့အထိ ရည္ရြယ္ ေဆာင္ရြက္သြားမယ္လို႔ ေျပာပါတယ္။
ဒီေန႔ သံုးေနၾကတဲ့ ႐ုပ္ႂကြင္းေလာင္စာေတြဟာ မၾကာမီကုန္ခမ္းေတာ့မွာ ျဖစ္ၿပီး အခုကစလို႔ တျခားေလာင္စာေတြကို အျမန္ဆံုး စတင္အသံုးျပဳဖို႔ လိုေၾကာင္း၊ ႐ုပ္ႂကြင္းေလာင္စာေတြ သံုးတာေၾကာင့္ ျဖစ္လာတဲ့ ဆိုးက်ိဳးကြင္းဆက္ေတြကို တားဆီးဖို႔ ႀကိဳးစားရာမွာ လၽွပ္စစ္ဟာ လက္ေတြ႔အသုံးခ်ရာမွာ အသင့္ေလ်ာ္ဆုံးျဖစ္တာေၾကာင့္ လၽွပ္စစ္ကားေတြရဲ႕ အခန္းက႑ဟာ ေရွ႕တန္းေရာက္လာၿပီး ကမာၻတဝန္း လၽွပ္စစ္ကားထုတ္လုပ္သုံးစြဲတာ အရွိန္အဟုန္နဲ႔တိုးတက္လာ ေနတယ္လို႔လည္း ေျပာပါတယ္။
အမွတ္ ၁ အႀကီးစားစက္မႈလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးကံခၽြန္နဲ႔ Green Power Myanmar ကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္တာ ေဒၚနီလာၾကင္တို႔ဟာ ျမန္မာႏိုင္ငံမွာ လၽွပ္စစ္ကားေတြ ထုတ္လုပ္ဖို႔နဲ႔ အားျဖည့္စခန္းေတြ တည္ေဆာက္ေရးအတြက္ ေဆြးေႏြး သေဘာတူညီမႈ စာလႊာ (AoD)ကို လက္မွတ္ထိုးခဲ့ၿပီး Green Power Myanmar ကုမၸဏီနဲ႔ Oriental Transportation Enterprise ကုမၸဏီတို႔ဟာ ျမန္မာႏိုင္ငံအတြက္ အီလက္ထရစ္ဘတ္စ္ကား အစီး ၃၀၀ ထုတ္လုပ္ေပးသြင္းေရး ေဆြးေႏြး သေဘာတူညီမႈစာလႊာ (AoD) ကို လက္မွတ္ထိုးခဲ့တယ္လို႔ ဝန္ႀကီးဌာနက သတင္းထုတ္ထားပါတယ္။
ဟန္ေဂရီ Csepel ကုမၸဏီနဲ႔အက်ိဳးတူေဆာင္ရြက္ေနတဲ့ Green Power Myanmar ကုမၸဏီဟာ သီရိလကၤာ၊ အိႏၵိယ၊ စင္ကာပူႏိုင္ငံေတြကို လွ်ပ္စစ္ ဘတ္စ္ကား အစီး ၇၀၀၀ ျမန္မာႏိုင္ငံက ထုတ္လုပ္တင္ပို႔ဖို႔နဲ႔ ျမန္မာႏိုင္ငံ အေဝးေျပးယာဥ္လိုင္းေတြအတြက္ အစီး ၃၀၀ ထုတ္လုပ္ေပးဖို႔ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုခဲ့တယ္လို႔လည္း ဆိုပါတယ္။
ကားေတြကို သာဂရ စက္မႈနယ္ေျမက အမွတ္ ၁၄ အႀကီးစားစက္႐ုံနဲ႔ အမွတ္ ၁၅ အႀကီးစား စက္႐ုံတို႔မွာ လၽွပ္စစ္ကားေတြနဲ႔ ေလာင္စာ ၂ မ်ိဳးသုံး အင္ဂ်င္ေတြအျဖစ္ ေျပာင္းလဲထုတ္လုပ္ သြားမယ္လို႔လည္း ဆိုပါတယ္။
ဓာတ္ပံု- စက္မႈ၀န္ႀကီးဌာန
ဓာတ္ပံု- စက္မႈ၀န္ႀကီးဌာန
Unicode Version
မြန်မာဟာ လျှပ်စစ်ဘတ်စ်ကားတွေ ထုတ်လုပ်ရာမှာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အချက်အချာနိုင်ငံ ဖြစ်တဲ့အထိ ရည်ရွယ်ထားပြီး ကားနဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တင်ပို့ သွားမယ်လို့ စက်မှုဝန်ကြီးက ပြောပါတယ်။
စက်မှုဝန်ကြီးဌာနနဲ့ Green Power Myanmar ကုမ္ပဏီတို့ ရေတာရှည်မြို့နယ်၊ သာဂရ စက်မှုနယ်မြေမှာ လျှပ်စစ်ဘတ်စ်ကားတွေ ထုတ်လုပ်ဖို့၊ အားဖြည့်စခန်းတွေ ပူးပေါင်း တည်ဆောက်ဖို့ နိုဝင်ဘာ ၄ ရက်က လုပ်တဲ့ ဆွေးနွေးသဘောတူမှု စာလွှာလက်မှတ်ထိုးပွဲမှာ ပြောခဲ့တာပါ။
ဝန်ကြီးဦးခင်မောင်ချိုက မိမိတို့နိုင်ငံအနေနဲ့လည်း သဘာဝပတ်ဝန်းကျင် မပျက်စီးစေဖို့ ကာဗွန်ထုတ်လုပ်မှု လျော့ချ ဆောင်ရွက်နိုင်ရေးအတွက် အီလက်ထရစ်ကားတွေ တပ်ဆင် ထုတ်လုပ်ဖို့ လိုအပ်လာတာကြောင့် ဟန်ဂေရီနိုင်ငံ Csepel ကုမ္ပဏီရဲ့ နည်းပညာနဲ့ Green Power Myanmar ကုမ္ပဏီတို့ ပူးပေါင်းပြီး လျှပ်စစ်ဘတ်စ်ကားတွေ ထုတ်လုပ်ဖို့၊ အားဖြည့် စခန်းတွေ တည်ဆောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံကို လျှပ်စစ်ဘတ်စ်ကားတွေနဲ့ ဆက်စပ်ပစ္စည်း အစိတ်အပိုင်းတွေ အလွယ်တကူ ထုတ်လုပ်ပေးနိုင်ပြီး တင်ပို့နိုင်တဲ့ နိုင်ငံအဖြစ်၊ လျှပ်စစ်ဘတ်စ်ကား ထုတ်လုပ်မှုမှာ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ အချက်အချာနိုင်ငံ ဖြစ်တဲ့အထိ ရည်ရွယ် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒီနေ့ သုံးနေကြတဲ့ ရုပ်ကြွင်းလောင်စာတွေဟာ မကြာမီကုန်ခမ်းတော့မှာ ဖြစ်ပြီး အခုကစလို့ တခြားလောင်စာတွေကို အမြန်ဆုံး စတင်အသုံးပြုဖို့ လိုကြောင်း၊ ရုပ်ကြွင်းလောင်စာတွေ သုံးတာကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးကွင်းဆက်တွေကို တားဆီးဖို့ ကြိုးစားရာမှာ လျှပ်စစ်ဟာ လက်တွေ့အသုံးချရာမှာ အသင့်လျော်ဆုံးဖြစ်တာကြောင့် လျှပ်စစ်ကားတွေရဲ့ အခန်းကဏ္႑ဟာ ရှေ့တန်းရောက်လာပြီး ကမ္ဘာတဝန်း လျှပ်စစ်ကားထုတ်လုပ်သုံးစွဲတာ အရှိန်အဟုန်နဲ့တိုးတက်လာ နေတယ်လို့လည်း ပြောပါတယ်။
အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်နဲ့ Green Power Myanmar ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်နီလာကြင်တို့ဟာ မြန်မာနိုင်ငံမှာ လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့နဲ့ အားဖြည့်စခန်းတွေ တည်ဆောက်ရေးအတွက် ဆွေးနွေး သဘောတူညီမှု စာလွှာ (AoD)ကို လက်မှတ်ထိုးခဲ့ပြီး Green Power Myanmar ကုမ္ပဏီနဲ့ Oriental Transportation Enterprise ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံအတွက် အီလက်ထရစ်ဘတ်စ်ကား အစီး ၃၀၀ ထုတ်လုပ်ပေးသွင်းရေး ဆွေးနွေး သဘောတူညီမှုစာလွှာ (AoD) ကို လက်မှတ်ထိုးခဲ့တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ထားပါတယ်။
ဟန်ဂေရီ Csepel ကုမ္ပဏီနဲ့အကျိုးတူဆောင်ရွက်နေတဲ့ Green Power Myanmar ကုမ္ပဏီဟာ သီရိလင်္ကာ၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံတွေကို လျှပ်စစ် ဘတ်စ်ကား အစီး ၇၀၀၀ မြန်မာနိုင်ငံက ထုတ်လုပ်တင်ပို့ဖို့နဲ့ မြန်မာနိုင်ငံ အဝေးပြေးယာဉ်လိုင်းတွေအတွက် အစီး ၃၀၀ ထုတ်လုပ်ပေးဖို့ စာချုပ်တွေ ချုပ်ဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ကားတွေကို သာဂရ စက်မှုနယ်မြေက အမှတ် ၁၄ အကြီးစားစက်ရုံနဲ့ အမှတ် ၁၅ အကြီးစား စက်ရုံတို့မှာ လျှပ်စစ်ကားတွေနဲ့ လောင်စာ ၂ မျိုးသုံး အင်ဂျင်တွေအဖြစ် ပြောင်းလဲထုတ်လုပ် သွားမယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ- စက်မှု၀န်ကြီးဌာန

0 Comments