ပထမကမၻာစစ္ ၁၉၁၄ မွ ၁၉၁၈


ပထမကမၻာစစ္ ၁၉၁၄ မွ ၁၉၁၈

ပထမကမၻာစစ္သည္ ၁၉၁၄ မွ ၁၉၁၈ အတြင္းျဖစ္ပြားခဲ့သည္။ ထိုကဲ့ေသာ ႀကီးမားေသာ စစ္ပြဲမ်ိဳး သမိုင္းတြင္ တစ္ခါမွ မျဖစ္ဖူးေသာေၾကာင့္ မဟာစစ္ပြဲႀကီး (Great war) ဟုေခၚဆိုခဲ့သည္။ ေနာက္ ၂၁ ႏွစ္ အၾကာတြင္ ေနာက္တစ္ႀကိမ္ႀကီးက်ယ္ေသာ စစ္ပြဲႀကီးေပၚလာေသာေၾကာင့္ ပထမ ကမၻာစစ္၊ ဒုတိယ ကမၻာစစ္ဟု ခြဲျခားေခၚဆိုခဲ့သည္။ ပထမကမၻာစစ္အတြင္းတြင္ စစ္သည္ေပါင္း ၉ သန္းေက်ာ္ေသဆုံးခဲ့သည္။ ထိုစစ္သည္ အမ်ားစုမွာ စစ္ႀကီးမျဖစ္ခင္က သာမန္အရပ္သားမ်ားသာ ျဖစ္ၾကသည္။ က်ဆဳံးခဲ့ေသာ စစ္သည္မ်ားအား ဦးေခါင္းမွေန၍ ေျခဖ်ားအထိဆက္လိုက္လ်င္ ၁၅၀၈၄ ကီလိုမီတာ၊ မိုင္အားျဖင့္ ၉၃၇၅ မိုင္ ရွိသည္ဟု ဆိုၾကသည္။ ထိုအကြာအေဝးသည္ ကမၻာႀကီးကို တစ္ပတ္ပတ္ပါက ထက္ဝက္နီးပါးခန႔္ရွိမည္ျဖစ္သည္။

ပထမကမၻာစစ္အတြင္းတြင္ နိုင္ငံအုပ္စုႀကီးႏွစ္ခု ပါဝင္တိုက္ခိုက္ခဲ့ၾကသည္။ ၿဗိတိန္၊ ျပင္သစ္ ႏွင့္ ႐ုရွားတို႔ ပါဝင္ေသာ မဟာမိတ္နိုင္ငံမ်ား (Allied Powers/Triple Entente) ႏွင့္ ဂ်ာမနီ၊ ဩစႀတီးယားႏွင့္ ဟန္ေဂရီတို႔ ပါဝင္ေသာ ဗဟိုအင္အားႀကီး နိုင္ငံမ်ား (Central Power/Triple Alliance) တိုက္ခိုက္ခဲ့ၾကျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ မဟာမိတ္နိုင္ငံမ်ားဘက္မွ ဂ်ပန္နိုင္ငံစေသာ နိုင္ငံငယ္မ်ား ပါဝင္လာၿပီး ဗဟိုအင္အားႀကီးနိုင္ငံမ်ားဘက္မွ တူရကီ၊ ဘူလ္ေဂးရီယားစေသာ နိုင္ငံမ်ား ပါဝင္လာခဲ့သည္။ စစ္ပြဲႀကီး ၿပီးခါနီးတြင္မွ အေမရိကန္ျပည္ေထာင္စုသည္ မဟာမိတ္နိုင္ငံမ်ားဘက္မွ ပါဝင္လာခဲ့သည္။ စစ္ပြဲႀကီးအၿပီးတြင္ ဗဟိုအင္အားႀကီးနိုင္ငံမ်ား ရႈံးနိမ့္၍ မဟာမိတ္နိုင္ငံမ်ား အနိုင္ရရွိခဲ့သည္။

စစ္ျဖစ္ရသည့္ အေၾကာင္းအရင္းမ်ား
အရင္းရွင္နိုင္ငံႀကီးမ်ားအၾကား အခ်င္းခ်င္းၿပိဳင္ဆိုင္မႈ ျပင္းထန္လာေသာေၾကာင့္ ပထမကမၻာစစ္ႀကီးစတင္ ျဖစ္ပြားခဲ့သည္။ စစ္ႀကီးျဖစ္ပြားေစေသာ အေၾကာင္းအရင္းမ်ားမွာ -

ကိုလိုနီ နယ္ေျမမ်ား အၿပိဳင္အဆိုင္ရွာေဖြလာျခင္း
အမ်ိဳးသားေရးဝါဒမ်ား ျပင္းထန္လာျခင္း
မဟာမိတ္စစ္အုပ္စုမ်ား အၿပိဳင္ဖြဲ႕စည္းလာျခင္းႏွင့္
လက္နက္အၿပိဳင္ တပ္ဆင္လာျခင္းတို႔ေၾကာင့္ ျဖစ္သည္။

ပထမကမၻာစစ္ စတင္ျဖစ္ပြားရျခင္းအေၾကာင္း
ပထမကမၻာစစ္သည္ ၁၉၁၄၊ ဇြန္လ (၂၈) ရက္ေန႕တြင္ ဩစႀတီးယားအိမ္ေရွ႕မင္းသား ဖရန္စစ္ ဖာဒီနန္ႏွင့္ ၾကင္ရာေတာ္တို႔ ေဘာ့စနီးယားနိုင္ငံ ဆာရာေယဗိုၿမိဳ႕တြင္ လုပ္ႀကံခံရရာမွ စတင္ခဲ့သည္။ ေဘာ့စနီးယားနိုင္ငံသည္ ၁၉၀၈ ခုႏွစ္တြင္ ဩစႀတီးယားနိုင္ငံ၏ သိမ္းပိုက္ျခင္းကိုခံခဲ့ရသည္။ ေဘာ့စနီးယန္း အမ်ားစုမွာ ဆာ့ဘ္လူမ်ိဳးမ်ား ျဖစ္ၾကသည္။ ထိုသူတို႔သည္ ဩစႀတီးယားလက္ေအာက္မွ လြတ္ေျမာက္၍ အိမ္နီးခ်င္း ဆားဘီးယားနိုင္ငံႏွင့္ ေပါင္းစည္းလိုၾကသည္။ ဩစႀတီးယား အိမ္ေရွ႕မင္းသားကို လုပ္ႀကံသူမွာ Black Hand ဟုေခၚေသာ ဆာ့ဘ္အၾကမ္းဖက္အသင္းဝင္ ေဘာ့စနီးယန္း အမ်ိဳးသားတစ္ဦး ျဖစ္သည္။ သူသည္ ဆားဘီးယားႏွင့္ ေဘာ့စနီးယား ေပါင္းစည္းေရးကို လိုလားသူျဖစ္သည္။

ဆားဘီးယားနိုင္ငံမွ ယင္းကဲ့သို႔လုပ္ႀကံမႈမ်ိဳး ေပၚေပါက္ေအာင္ အားေပးသည္ဟုဆိုကာ ဩစႀတီးယားက ဆားဘီးယားကို ျပင္းထန္သည့္ ရာဇသံမ်ားပို႔ခဲ့သည္။ ဩစႀတီးယား၏ ရာဇသံကို ဂ်ာမနီကေထာက္ခံခဲ့သည္။ ထိုရာဇသံပါ အခ်က္အလက္မ်ားသည္ ဆားဘီးယား၏ လြပ္လတ္ေရးကို ထိပါးေသာေၾကာင့္လည္းေကာင္း၊ ႐ုရွားနိုင္ငံ၏ ေထာက္ခံမႈကို ရရွိေသာေၾကာင့္လည္းေကာင္း ဆားဘီးယားသည္ ဩစႀတီးယားကိုရင္ဆိုင္ရန္ စစ္ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့သည္။ ထို႔ေနာက္ ရာဇသံကို လက္မခံနိုင္ေၾကာင္း ဩစႀတီးယားအား အေၾကာင္းၾကား ခဲ့သည္။

ထို႔ေၾကာင့္ ၁၉၁၄၊ ဇူလိုင္(၂၈) တြင္ ဩစႀတီးယားက ဆားဘီးယားကို စစ္ေၾကညာခဲ့သည္။ ဩစႀတီးယားႏွင့္ ဆားဘီးယားတို႔ စစ္ျဖစ္ရာတြင္ ဩစႀတီးယားဘက္မွ ဂ်ာမနီကလည္းေကာင္း၊ ဆားဘီးယားဘက္မွ ျပင္သစ္၊ ႐ုရွားႏွင့္ အဂၤလန္တို႔မွလည္းေကာင္း အသီးသီး ပါဝင္တိုက္ခိုက္ခဲ့ၾကသည္။ ကိုလိုနီခြဲေဝေပးမည္ဟူေသာ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔၏ ဆြဲေဆာင္မႈေၾကာင့္ ၁၉၁၅ တြင္ အီတလီသည္ ယင္းတို႔ဘက္မွ ပါဝင္တိုက္ခိုက္ခဲ့သည္။


ပြဲဦးထြက္
စစ္ဦးဘီလူးထြက္ ထြက္လာသည့္ ဂ်ာမနီကို တစ္ကမၻာလုံးက အံ့ဩခဲ့ၾကသည္။ ဂ်ာမန္တပ္တို႔၏ တိုက္ခိုက္ပုံမ်ားမွာ အႏွစ္ႏွစ္အလလက ႀကိဳတင္၍ ေသခ်ာစြာ ျပင္ဆင္မႈ ရွိသကဲ့သို႔ အခ်က္က်က် အရာေရာက္ေရာက္ႏွင့္ ထိမိစြာ တိုက္ခိုက္နိုင္သည္။ ဂ်ာမနီ၏ စစ္တပ္အင္အားမွာ ဥေရာပ တစ္တိုက္လုံး၌ အႀကီးမား အထင္ရွားဆုံး ကဲ့သို႔ ျဖစ္ခဲ့သည္။ ဂ်ာမနီသည္ တစ္လအတြင္း ျပင္သစ္အား သိမ္းပိုက္ၿပီးမွ ႐ုရွားကို တိုက္ခိုက္ရန္ ရည္႐ြယ္ထားသည္။ ထို႔အျပင္ ၿဗိတိန္ကို သိမ္းသြင္းၿပီး အေရွ႕ဘက္သို႔ နယ္ခ်ဲ့ရန္၊ ေဗာ္လကန္နယ္မ်ားကို သိမ္းသြင္းရန္ အစီအစဥ္လည္း ရွိေလသည္။

ဘယ္လဂ်ီယမ္ကို ျဖတ္ေက်ာ္ျခင္း
ဂ်ာမနီသည္ ႀကိဳတင္စီစဥ္ထားသည့္အတိုင္း ျပင္သစ္အား ပိုမိုလ်င္ျမန္လြယ္ကူစြာ သိမ္းပိုက္နိုင္ရန္ ဘယ္လဂ်ီယမ္နိုင္ငံထံ ျဖတ္သန္းခြင့္ ေတာင္းခံခဲ့သည္။ ဘယ္လဂ်ီယမ္မွာ ၾကားေနနိုင္ငံျဖစ္ရာ ျဖတ္သန္းခြင့္ မေပးခဲ့ေခ်။ ထိုအခါ ဂ်ာမနီသည္ ဇြတ္အတင္း ျဖတ္ေက်ာ္ေလသည္။ ၿဗိတိန္သည္ ဘယ္လဂ်ီယမ္တြင္ ဂ်ာမန္တပ္မ်ား ရွိေနပါက အဂၤလန္ကြၽန္း၏ လုံၿခဳံေရးကို စိုးရိမ္ရသည္က တစ္ေၾကာင္း၊ဘယ္လဂ်ီယမ္၏ ၾကားေနေရးကို အာမခံထားသည့္အျပင္ ယင္းကို ထိပါးလာပါက ကူညီပါမည္ဟု စာခ်ဳပ္ခ်ဳပ္ထားသည္က တစ္ေၾကာင္းတို႔ေၾကာင့္ ဘယ္လဂ်ီယမ္ဘက္မွ ကူညီတိုက္ခိုက္ရန္ အေၾကာင္းျပဳ၍ ဂ်ာမနီမွ ဘယ္လဂ်ီယမ္အား စတင္တိုက္ခိုက္သည့္ ဩဂုတ္လ ၄ ရက္ေန႕မကုန္မီမွာပင္ စစ္ေၾကျငာကာ စစ္ထဲပါဝင္လာသည္။ ဂ်ပန္သည္ ၿဗိတိန္ႏွင့္ ခ်ဳပ္ဆိုထားေသာ မဟာမိတ္စာခ်ဳပ္အရ မၾကာမီ ၿဗိတိန္ကို ကူညီရန္ စစ္ေၾကျငာကာ စစ္ထဲဝင္ခဲ့သည္။ အျခား ဟန္ေဂရီ၊ ဘူလ္ေဂးရီယား၊ တူရကီစေသာ နိုင္ငံမ်ားကလည္း ဂ်ာမနီႏွင့္ ဩစႀတီးယားဘက္မွ စစ္ထဲဝင္လာၾကရာ ဗဟိုအင္အားႀကီးနိုင္ငံမ်ားဟု ေခၚေသာ ထိုနိုင္ငံမ်ားကတစ္ဘက္ ႐ုရွား၊ ျပင္သစ္၊ အဂၤလိပ္စေသာ မဟာမိတ္နိုင္ငံမ်ားကတစ္ဘက္ စစ္ေရးၿပိဳင္ၾကသည့္ ပထမကမၻာစစ္ႀကီး ျဖစ္ေပၚလာခဲ့သည္။


(၁၉၁၄ ခုႏွစ္)ရထားတြဲ တစ္ခုအတြင္းရွိ ဂ်ာမန္ စစ္သားမ်ား၊ တြဲဆိုင္းေပၚတြင္ေရးထားသည္မွာ" ပဲရစ္သို႔ ခရီးထြက္ျခင္း" ျဖစ္သည္။
ဘယ္လဂ်ီယမ္သည္ ရွိသမွ်စစ္သား ၂ သန္းခန႔္ႏွင့္ အင္အားႀကီးမားေသာ ဂ်ာမန္စစ္တပ္ႀကီးကို ရက္သတၱ ၂ ပတ္မွ် ၾကာေအာင္ ခုခံတြန္းလွန္ေနခဲ့သျဖင့္ ျပင္သစ္အဖို႔ ဂ်ာမန္မ်ားဝင္ေရာက္မည့္ လမ္းမ်ားတြင္ စစ္အင္အား ထပ္ျဖည့္ထားရန္ အခ်ိန္ရခဲ့သည့္အျပင္ ျပင္သစ္နိုင္ငံေျမာက္ပိုင္းသို႔ ရွိသမွ်ေသာ အဂၤလိပ္စစ္တပ္မ်ားကိုလည္း တင္ပို႔နိုင္ခဲ့သည္။ ထိုသို႔ မဟာမိတ္မ်ားဘက္တြင္ စစ္အင္အား ျဖည့္တင္းရန္ အခ်ိန္ရရွိသြားသည့္အတြက္ ဂ်ာမနီမွ စစ္ကိုလ်င္ျမန္စြာ အနိုင္ႏွင့္ပိုင္းရန္ ရည္မွန္းခ်က္ႀကီး ပ်က္ျပားရသည္။


ဆားဗီးယား စစ္တပ္ႀကီး အယ္ဘီးနီးယားသို႔ ခ်ီတက္စဥ္
ဘယ္လဂ်ီယမ္ အာဇာနည္စစ္သည္မ်ားသည္ အစြမ္းကုန္ႀကိဳးစား တြန္းလွန္ၾကေသာ္လည္း ဂ်ာမနီ၏ ႀကီးမားေတာင့္တင္းလွေသာ ဒဏ္ကို မခံနိုင္ပဲ ဩဂုတ္လ ၁၅ ရက္ေန႕တြင္ လီေအ့ခံတပ္ႀကီး က်ိဳးေပါက္သြားၿပီးေနာက္ ၄ ရက္မွ်အၾကာတြင္ ဗရပ္ဆဲၿမိဳ႕ေတာ္ႀကီး က်ဆဳံးခဲ့ရေလသည္။ ဘယ္လဂ်ီယမ္ အစိုးရအဖြဲ႕လည္း ျပင္သစ္နိုင္ငံသို႔ ေျပာင္းေ႐ႊ႕သြားရသည္။

ပထမမန္းတိုက္ပြဲ
ဘယ္လဂ်ီယမ္နိုင္ငံကို ျဖတ္ေက်ာ္နိုင္ခဲ့ၿပီးေနာက္ ျပင္သစ္နိုင္ငံဘက္သို႔ ဂ်ာမန္တပ္မ်ား ဆက္လက္ ခ်ီတက္ခဲ့သည္။ ထိုအခါ ဘယ္လဂ်ီယမ္၊ ျပင္သစ္၊ အဂၤလိပ္တပ္မ်ားကလည္း တြန္းလွန္နိုင္သမွ် တြန္းလွန္ခဲ့သည္။ ဤသို႔ျဖင့္ မဟာမိတ္တပ္မ်ားႏွင့္ ဂ်ာမန္တပ္မ်ားသည္ အေနာက္ဘက္ စစ္ေျမျပင္ မန္းျမစ္အနီးတြင္ ယွဥ္ၿပိဳင္တိုက္ခိုက္ၾကရာ ဂ်ာမန္တို႔ ေနာက္ဆုတ္ေပးရသည္။ ထို႔ေၾကာင့္ ျပင္သစ္နိုင္ငံအတြက္ အတန္စိတ္ေအး သြားရေသာ္လည္း ဂ်ာမန္တို႔မွာ ျပင္သစ္နိုင္ငံ၏ အႂကြယ္ဝဆုံးေသာနယ္ ဆယ္ပုံတစ္ပုံခန႔္ကို သိမ္းပိုက္မိထားၾကသည္။

စစ္ျဖစ္၍ ၾကည္းေၾကာင္းတိုက္ပြဲမ်ားတြင္ မဟာမိတ္တပ္မ်ားသာလွ်င္ အရႈံးမ်ားေလသည္။ ဘယ္လဂ်ီယမ္နိုင္ငံ အီးပရားတိုက္ပြဲတြင္ အဂၤလိပ္စစ္တပ္ႀကီး တပ္လုံးျပဳတ္လုမတတ္ က်ဆဳံးခဲ့သည္။ ထို႔ေၾကာင့္ ၿဗိတိန္သည္ စစ္တပ္အင္အားကို ထပ္မံျဖည့္တင္းခဲ့ရာ တစ္ႏွစ္အတြင္း တပ္သားေပါင္း ၁ သန္းေက်ာ္ ရရွိခဲ့၍ ၿဗိတိသွ် နိုင္ငံေတာ္အတြင္းမွ စစ္တပ္အင္အားမ်ားပါဆိုလွ်င္ တပ္သား ၂ သန္းေက်ာ္ ရွိခဲ့သည္။ သို႔ေသာ္ စစ္ပြဲတြင္ ရန္သူတပ္မ်ားႏွင့္ ယွဥ္ၿပိဳင္တိုက္နိုင္ေလာက္ေအာင္ကား က်င့္သား မရွိၾကေသးေပ။ ၁၉၁၇ ခုႏွစ္ေလာက္တြင္မွ အဂၤလိပ္တို႔၏ တိုက္ခိုက္မႈ အင္အားမွာ ထိပ္တန္းသို႔ ေရာက္ခဲ့သည္ဟု ဆိုနိုင္သည္။

၁၉၁၅ ခုႏွစ္အတြင္း စစ္အေျခအေန
အေနာက္ဘက္ စစ္မ်က္ႏွာတြင္ သုံးႏွစ္ခန႔္အတြင္း အႀကီးအက်ယ္ ေျပာင္းလဲခဲ့ျခင္း မရွိေပ။ ထိုေၾကာင့္ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔သည္ လက္နက္ခဲယမ္း မီးေက်ာက္မ်ား တိုးတက္တည္ေဆာက္ ထုတ္လုပ္နိုင္ခဲ့သည္ ျဖစ္ရာ တိုက္ပြဲမ်ားတြင္ အမ်ားအားျဖင့္ အေျမာက္ကို သုံးနိုင္ခဲ့ၾကသည္။ ထိုႏွစ္အတြင္း စစ္မ်က္ႏွာ၌ အေရးအပါဆုံး တိုက္ပြဲမွာ ဗာဒန္တိုက္ပြဲ ျဖစ္သည္။ ဗာဒန္မွာ ပဲရစ္ၿမိဳ႕သြားရာ လမ္းေပၚတြင္ တည္ရွိ၍ ျပင္သစ္ခံစစ္ေၾကာင္း၏ အခ်က္အခ်ာ ျဖစ္ေလရာ ဂ်ာမန္အိမ္ေရွ႕ ဥပရာဇာကိုယ္တိုင္ ဗာဒန္ကို တိုက္ခိုက္သိမ္းပိုက္ရန္ ႀကိဳးစားခဲ့သည္။ ျပင္သစ္တို႔ကလည္း ႐ြပ္႐ြပ္ခြၽံခြၽံ ခုခံတိုက္ခိုက္ခဲ့၍ ေသြးေခ်ာင္းစီးေသာ တိုက္ပြဲႀကီးမ်ား ထိုၿမိဳ႕အနီး၌ ျဖစ္ပြားခဲ့ေလသည္။ သို႔ေသာ္ ဗာဒန္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္မႉး (ေနာက္မာရွယ္) ေပတန္း၏ ႀကိဳးပမ္းခ်က္ေၾကာင့္ မက်ပဲရွိေနခဲ့သည္။ ထိုႏွစ္တြင္ ဂ်ာမန္တို႔သည္ အဂၤလန္ဘက္သို႔ လြယ္ကူစြာ ကူးနိုင္ေရးအတြက္ ကဲေလးၿမိဳ႕ကို သိမ္းပိုက္ရန္ စစ္ဆင္ၾကျပန္ရာ ဓာတ္ေငြ႕မ်ားကိုပင္ အသုံးျပဳေလသည္။ သို႔ေသာ္ ကေနဒီယန္ တပ္သားမ်ား၏ ႐ြပ္႐ြပ္ခြၽံခြၽံ တြန္းလွန္မႈေၾကာင့္ ၁၉၁၈ ခုႏွစ္တိုင္ေအာင္ ဂ်ာမန္တို႔၏ရန္မွ ကင္းလြတ္ခဲ့သည္။ ထိုႏွစ္တြင္ မဟာမိတ္တို႔မွ အေရးပါေသာ ေအာင္ျမင္မႈမွာ သံမဏိႏွင့္ အဂၤေတတို႔ျဖင့္ ခိုင္ခံ့စြာ ျပဳလုပ္ထားေသာ လက္ဗီရင့္ေခၚ ဝကၤပါအမည္ရွိ ဂ်ာမန္ေျမေအာက္ခံတပ္ႀကီးကို သိမ္းပိုက္နိုင္ျခင္း ျဖစ္ေပသည္။ မဟာမိတ္တို႔သည္ ျပင္သစ္ႏွင့္ ဘယ္လဂ်ီယမ္နိုင္ငံတို႔မွ ရန္သူလက္ က်ေရာက္ခဲ့ေသာ နယ္မ်ားကို ကယ္တင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း စတုရန္းမိုင္ေပါင္း ၅၀ ခန႔္သာ ျပန္ရခဲ့သည္။

အေရွ႕ဘက္ စစ္မ်က္ႏွာ ေျမာက္ဘက္တြင္ ဗြန္ဟင္ဒင္ဗတ္၏ ဂ်ာမန္စစ္တပ္မ်ားသည္ မဆူးရီယန္အိုင္မ်ား ေဒသတစ္ဝိုက္၌ အေရးသာေနၾကသည္။


႐ုရွားတပ္စုတစ္စု
ေတာင္ဘက္တြင္ ပထမေသာ္႐ုရွားသည္ စစ္ေရးလွခဲ့သည္။ ဩစႀတီးယားတပ္မ်ား ဂလစ္ရွာနယ္ကိုျဖတ္၍ ဟန္ေဂရီနိုင္ငံထဲသို႔ပင္ ဝင္နိုင္ခဲ့သည္။ သို႔ေသာ္ ၁၉၁၅ ခုႏွစ္ ေႏြရာသီတြင္ ဂ်ာမန္ႏွင့္ ဩစႀတီးယားတပ္မ်ား ပူးေပါင္း၍ ႐ုရွားတို႔အား ဂလစ္ရွာနယ္ထဲမွ အထူးေအာင္ျမင္စြာ ေမာင္းထုတ္လိုက္သည္။ ထိုအခါ နစ္ကလပ္ မင္းသားႀကီးေနရာတြင္ ႐ုရွားဇာဘုရင္ကိုယ္တိုင္ ထိုတပ္မ်ားကို ကြပ္ကဲတိုက္ခိုက္ေလသည္။

႐ုရွားအား ဗဟိုနိုင္ငံမ်ား၏ ဖိႏွိပ္ျခင္းမွ သက္သာရာရေစရန္ မဟာမိတ္တပ္မ်ားသည္ တူရကီပိုင္ ဒါးဒနဲေရလက္ၾကားမွ ဂလစ္ပိုလီကြၽန္းဆြယ္ကို တိုက္ခိုက္သိမ္းယူရန္ ႀကိဳးပမ္းခဲ့ၾကသည္။ သို႔ရာတြင္ မေအာင္ျမင္သည့္အျပင္ ေဗာ္လကန္ျပည္နယ္မ်ား၏ အထင္ေသးျခင္းကိုပင္ ခံရေလသည္။ ဩစႀတီးယားသည္ ဆားဗီးယားကို တိုက္ခိုက္ခဲ့ရာတြင္ ေမွ်ာ္လင့္သေလာက္ မလြယ္ကူလွေခ်။ ဩစႀတီးယားတို႔က ဆားဗီးယားၿမိဳ႕ေတာ္ ဗဲလ္ဂရိတ္ၿမိဳ႕ကို သိမ္းပိုက္ခဲ့ေသာ္လည္း ဆားဗီးယားတို႔က ျပန္လည္သိမ္းပိုက္နိုင္ခဲ့သည္။ သို႔ေသာ္ မၾကာမီ အူေရာင္ငန္းဖ်ားေရာဂါ က်ေရာက္သျဖင့္ ဆားဗီးယားတပ္မ်ား အေတာ္ပင္ အင္အားနည္းသြားေလသည္။


ဩစႀတိဳ-ဟန္ေဂရီေတာင္ ရွိ စစ္တပ္စုတစ္ခု
ထိုကာလအတြင္း ဘူလ္ေဂးရီးယားနိုင္ငံသည္ ေဗာ္လကန္စစ္အတြင္းက ဆုံးရႈံးခဲ့ေသာ ေဗာ္လကန္ျပည္နယ္အခ်ိဳ႕ကို ျပန္ရရန္ ရည္႐ြယ္ခ်က္ျဖင့္ ဗဟိုနိုင္ငံမ်ားဖက္သို႔ ၁၉၁၅ ခုႏွစ္တြင္ ဝင္ေရာက္ခဲ့ၿပီးေသာ္ ဆားဗီးယားကို တိုက္ခိုက္သည္။ ဂ်ာမန္ႏွင့္ ဩစႀတီးယားတပ္မ်ားကလည္း ကူညီသျဖင့္ ၁၉၁၅ ခုႏွစ္ ဒီဇင္ဘာလတြင္ ဆားဗီးယားတစ္ျပည္လုံးကိုပင္ ရန္သူ႕လက္သို႔ က်ေရာက္သြားသည္။ မဟာမိတ္တို႔ဘက္မွ ဆားဗီးယားကို ကူညီရန္ ဆယ္လိုနီးကားၿမိဳ႕သို႔ သန္းဝက္မွ်ရွိေသာ တပ္မ်ားကို ၁၉၁၅ ခု ေအာက္တိုဘာလတြင္ ပို႔ခဲ့သည္။ ဆားဗီးယားတပ္ကိုလည္း ျပန္လည္ဖြဲ႕စည္းခဲ့သည္။ သို႔ေသာ္ ထိုတပ္မ်ားသည္ မည္သို႔မွ် အရာေရာက္ေအာင္ မစြမ္းေဆာင္နိုင္ပဲ ဆယ္လိုနီးကားတြင္သာ ေသာင္တင္ေနၾကသည္။ မဟာမိတ္တို႔လည္း မိမိတို႔၏ ဂုဏ္သေရကို ထိခိုက္မည္စိုးေသာေၾကာင့္ ထိုတပ္မ်ားျပန္၍ မဆုတ္ခိုင္းသျဖင့္ ၁၉၁၈ ခုႏွစ္တိုင္ေအာင္ ထိုတပ္မ်ားမွာ ထိုၿမိဳ႕တြင္ပင္ ေနခဲ့ၾကသည္။

၁၉၁၆ ခုႏွစ္အတြင္း စစ္အေျခအေန
ထိုႏွစ္ ဩဂုတ္လအတြင္း ႐ူေမနီးယားနိုင္ငံသည္ မဟာမိတ္တို႔ဘက္မွ စစ္ထဲဝင္လာေလသည္။ ႐ူေမနီးယားသည္ ဟန္ေဂရီနိုင္ငံ လက္ေအာက္သို႔ က်ေရာက္ခဲ့ေသာ ႐ူေမနီးယန္း အမ်ိဳးသားတို႔၏ လြတ္ေျမာက္ေရးအတြက္ စစ္ထဲဝင္လာျခင္း ျဖစ္သည္။ ႐ူေမနီးယားသည္ ဟန္ေဂရီနိုင္ငံတြင္းသို႔ ဝင္ေရာက္တိုက္ခိုက္ရာ ဂ်ာမနီႏွင့္ ဘူလ္ေဂးရီးယားတပ္မ်ားက ျပန္လွန္တိုက္ခိုက္သျဖင့္ အေရးနိမ့္ခဲ့ရသည့္ျပင္ ႐ူေမနီးယားနိုင္ငံ၏ တစ္ဝက္မွ်ရွိေသာ အဖိုးတန္ ေရနံႏွင့္ ဂ်ဳံစပါးထြက္ ေဒသမ်ားမွာ ရန္သူ႕လက္တြင္း က်ေရာက္ခဲ့သည္။

၁၉၁၅ ခုႏွစ္ ေမလ ၃ ရက္ေန႕တြင္ အီတလီသည္ ဩစႀတီးယားပိုင္ နယ္ေျမအခ်ိဳ႕ ရမည္ဟူေသာ လွ်ို႔ဝွက္ကတိေၾကာင့္ ယခင္က ဂ်ာမနီႏွင့္ သုံးနိုင္ငံ ခ်စ္ၾကည္ေရး စာခ်ဳပ္ကို ေဖာက္ဖ်က္ၿပီးလွ်င္ မဟာမိတ္တို႔ဘက္မွ စစ္ထဲသို႔ ဝင္လာေလသည္။ ထိုႏွစ္အတြင္း၌ အီတလီစစ္မ်က္ႏွာတြင္ ႀကီးက်ယ္လွေသာ တိုက္ပြဲႀကီးမ်ား မရွိခဲ့ေပ။ ၁၉၁၆ ခုႏွစ္ ဩဂုတ္လအတြင္း၌ကား အီတလီသည္ ဩစႀတီးယားနိုင္ငံကို ထိုးစစ္ဆင္ခဲ့ရာ အေရးအပါဆုံးေသာ ေအာင္ျမင္မႈမွာ ဂိုးရီးဇီးယားကို သိမ္းပိုက္နိုင္ျခင္း ျဖစ္သည္။ ေဆာင္းရာသီ မက်မီေလးတြင္ အီတလီသည္ ေအၿဒီယက္တစ္ပင္လယ္ သေဘၤာဆိပ္ကမ္းၿမိဳ႕ျဖစ္ေသာ ထရီးယက္ၿမိဳ႕ကို သိမ္းပိုက္တိုက္ခိုက္ရန္ အသင့္ျပင္ထားခဲ့သည္။

ထိုႏွစ္အတြင္း အေရးအပါဆုံး တိုက္ပြဲမွာ အေနာက္ဘက္ စစ္မ်က္ႏွာမွ ဗာဒန္တိုက္ပြဲ ျဖစ္သည္။ ဂ်ာမန္တို႔ဘက္မွ အိမ္ေရွ႕ဥပရာဇာ ကိုယ္တိုင္ကြပ္ကဲ တိုက္ခိုက္သည္။ ေဖေဖာ္ဝါရီလ မကုန္မီမွ စက္တင္ဘာလဆန္းခန႔္အထိ ၆ လ ခန႔္ တိုက္ခိုက္ခဲ့သည္တြင္ ေရွ႕သို႔ ၄ မိုင္ခန႔္မွ်သာ တိုးတက္နိုင္သျဖင့္ ဗာဒန္ခံတပ္ၿမိဳ႕ သိမ္းပိုက္ေရးကို ဂ်ာမန္တို႔ လက္ေလွ်ာ့လိုက္ရသည္။ ယင္းသို႔ ရွိေနစဥ္ မဟာမိတ္တို႔သည္ ေျမာက္ဘက္ရွိ ဆုမ္းျမစ္တစ္ေလွ်ာက္တြင္ အႀကီးအက်ယ္ ထိုးစစ္ဆင္ရန္ ျပင္ဆင္ခဲ့သည္။ ထိုအခ်ိန္ေလာက္တြင္ မဟာမိတ္တို႔၏ အေျမာက္လက္နက္မ်ားမွာ အထူးတိုးတက္ ေကာင္းမြန္လာၿပီျဖစ္ရာ သံမဏိ၊ အဂၤေတတို႔ျဖင့္ ခိုင္ခံ့လွသည့္ မိုင္ေပါင္းမ်ားစြာ ရွည္လ်ားေသာ ဂ်ာမန္ကတုတ္က်င္းမ်ားကို ေခ်မႈန္းဖ်က္ဆီးနိုင္ခဲ့သည္။ ထို႔အျပင္ ထိုႏွစ္တြင္ မဟာမိတ္တို႔သည္ တင့္ကားမ်ားကို စတင္သုံးခဲ့သည္။ ထိုႏွစ္ ဒီဇင္ဘာလတိုင္ေအာင္ မဟာမိတ္တို႔သည္ ဖိ၍တိုက္လာခဲ့ရာ ဂ်ာမန္တို႔သည္ ႀကံ့ႀကံ့ခံရင္း ေနာက္သို႔ တျဖည္းျဖည္း ဆုတ္ေပးခဲ့ရသည္။

အေရွ႕ဘက္ စစ္မ်က္ႏွာတြင္ ေဆာင္းရာသီအတြင္း၌ ႐ုရွားသည္ အားျဖည့္နိုင္ခဲ့၍ ဇြန္လေလာက္တြင္ အေရွ႕ဘက္စစ္ေၾကာင္း ေတာင္ဘက္စြန္းမွ ထိုးစစ္ဆင္ကာ ဩစႀတီးယားတပ္မ်ားကို ကာေပသီယန္ ေတာင္တန္းမ်ားသို႔ တိုက္ထုတ္နိုင္ခဲ့သည္။

၁၉၁၆ ခုႏွစ္အတြင္း အိုင္ယာလန္ျပည္၌ သူပုန္ထေလရာ မဟာမိတ္တို႔၏ စစ္ဆင္မႈတြင္ အတန္ပင္ ထိခိုက္ဖို႔ အေၾကာင္း ေပၚေပါက္ခဲ့သည္။ ထိုမွတပါး ၿဗိတိသွ် အစိုးရ၏ အေရးပါေသာ ရာထူးမ်ားကို ထမ္း႐ြက္ခဲ့သူ ဆာေရာ္ဂ်ာေက့စမင္သည္ ဂ်ာမန္လက္နက္မ်ားကို အိုင္ယာလန္ျပည္တြင္းသို႔ ခိုးသြင္းကာ ပုန္ကန္ရန္ ႀကံစည္ခဲ့သျဖင့္ အေပါင္းအပါ အျခားေခါင္းေဆာင္ ၆ ဦးတို႔ႏွင့္အတူ စစ္ေဆး၍ အဆုံးစီရင္လိုက္သည္။

ထိုႏွစ္အတြင္း ဂရိနိုင္ငံ၏ ျပည္တြင္းေရး အေျခအေနကို မဟာမိတ္တို႔ဘက္မွ လည္းေကာင္း ဗဟိုနိုင္ငံမ်ားဘက္မွ လည္းေကာင္း ေစာင့္ၾကည့္ခဲ့သည္။ ဂရိနိုင္ငံသည္ ဆားဗီးယားအား ရန္သူတို႔ ထိပါးလာလွ်င္ ကူညီတိုက္ခိုက္ေပးရန္ သေဘာတူညီခ်က္မ်ား ရွိခဲ့သည္။ သို႔ေသာ္ ဂရိဘုရင္မွာ ဂ်ာမန္ကိုင္ဇာဘုရင္၏ ေယာက္ဖေတာ္ ျဖစ္သျဖင့္ ထိုစစ္ထဲတြင္ မပါဝင္ပဲ ၾကားေနမည့္ေယာင္ေယာင္ ျပဳေနခဲ့သည္။ ဂရိမ်ိဳးခ်စ္မ်ားကား ဆားဗီးယားကို ကတိထားခ်က္အတိုင္း ကူညီလိုၾကသည္။ ထိုေၾကာင့္ မဟာမိတ္မ်ား ဘူလ္ေဂးရီးယားကို တိုက္ခိုက္ေသာအခါ ဂရိမ်ိဳးခ်စ္တပ္မ်ားသည္ မဟာမိတ္တို႔ဘက္မွ ကူညီတိုက္ခိုက္ခဲ့သည္။ ထိုသို႔ ဂရိနိုင္ငံ၏ သေဘာထား မျပတ္မသား ရွိေနခဲ့သျဖင့္ မဟာမိတ္တို႔က ဂရိနိုင္ငံကို စိတ္ခ်ရေအာင္ ႀကိဳတင္၍ ေရေၾကာင္းမွ ပိတ္ဆို႔ထားသည္။

ထို႔အျပင္ အာေမးနီးယားျပည္နယ္ဖက္တြင္ နစ္ကလပ္ မင္းသားႀကီး ကြပ္ကဲေသာ ႐ုရွားတပ္မ်ားသည္ အတန္ပင္ အေရးသာခဲ့သည္။ တူရကီနိုင္ငံသည္ စူးအက္တူးေျမာင္းကို သိမ္းပိုက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ၿဗိတိသွ်တပ္မ်ားက တြန္းလွန္လိုက္သျဖင့္ မေအာင္ျမင္ခဲ့ေခ်။

၁၉၁၇ ခုႏွစ္အတြင္း စစ္အေျခအေန
ထိုႏွစ္တြင္ အေနာက္ဘက္ စစ္မ်က္ႏွာ၌ မဟာမိတ္တို႔သည္ စစ္ေအာင္နိုင္မည့္ ေမွ်ာ္လင့္ခ်က္ကေလးမ်ားပင္ ထားရွိလာနိုင္ေလသည္။ ထိုႏွစ္အတြင္း အေရးပါေသာ တိုက္ပြဲမ်ား ျပင္သစ္နိုင္ငံအေရွ႕ေျမာက္ဘက္ႏွင့္ ဗဲလ္ဂ်ီယံနိုင္ငံမ်ားတြင္ ျဖစ္ပြားခဲ့သည္။ ထိုေဒသမ်ားတြင္ အဂၤလိပ္၊ ျပင္သစ္၊ ဗဲလ္ဂ်ီယမ္ႏွင့္ ကေနဒီယန္တပ္မ်ား ပူးေပါင္း၍ ဂ်ာမန္တပ္မ်ား စိတ္ဓာတ္ ပ်က္ျပားေအာင္ပင္ တိုက္ခိုက္ခဲ့သည္။ ထို႔ျပင္ ထိုႏွစ္ဇြန္လတြင္း မႀကဳံစဖူး ထူးကဲလွစြာ အျပင္းအထန္တိုက္ခိုက္ခဲ့ေလရာ ရက္အနည္းငယ္အတြင္း ဂ်ာမန္တပ္မ်ားေလးမိုင္ခန႔္မွ် ေနာက္သို႔ ဆုတ္ေပးရေလသည္။ ေတာင္ဘက္တြင္လည္း ဂ်ာမန္တို႔၏ ေက်ာက္မီးေသြးထြက္ရာ အဖိုးတန္ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ေသာ လင္းၿမိဳ႕ဘက္သို႔ ကေနဒီယန္တပ္မ်ားက ေရွ႕ေဆာင္ခ်ီတက္တိုက္ခိုက္ခဲ့သျဖင့္ ဂ်ာမန္တို႔ တျဖည္းျဖည္း ဆုတ္ေပးရျပန္သည္။ ထိုႏွစ္ နိုဝင္ဘာလေလာက္တြင္ မဟာမိတ္တို႔သည္ ဂ်ာမန္တို႔သိမ္းပိုက္ထားေသာ ျပင္သစ္ၿမိဳ႕ျဖစ္ေသာ ကမ္းဗေရးကို ႐ုတ္တရက္ဝင္ေရာက္တိုက္ခိုက္ေလသည္။ ထိုအခါ ဗာေဗးရီးယားျပည္၏ ဥပရာဇာမင္းသား ေခါင္းေဆာင္ေသာ ဂ်ာမန္တပ္မ်ားမွာ ၅မိုင္ခန႔္ ဆုတ္ေပးခဲ့ရသည္။သို႔ေသာ္ ဂ်ာမန္တပ္မ်ားက တန္ျပန္ထိုးစစ္ဆင္ေသာအခါ မဟာမိတ္တပ္မ်ား သိမ္းပိုက္ရရွိသမွ် နယ္ေျမမ်ား ျပန္လည္၍ ဆုံးရႈံးရျပန္သည္။ ထိုႏွစ္မတ္လ ၁၁ ရက္ေန႕တြင္ ႐ုရွားျပည္၌ ေတာ္လွန္ေရးႀကီး ေပၚေပါက္လာခဲ့သည္။ ေနာက္ေလးလခန႔္အၾကာတြင္ ဇာဘုရင္မွာ နန္းေတာ္ကို စြန႔္လိုက္ရၿပီးေနာက္ သမၼတနိုင္ငံအျဖစ္ေက်ညာခဲ့ရာ စစ္ေျပၿငိမ္းရန္ ႀကံ႐ြယ္ေနေသာ ဇာဘုရင္ေၾကာင့္ စိတ္ပ်က္အားေလ်ာ့ေနရေသာ မဟာမိတ္တို႔သည္ ဝမ္းေျမာက္ဝမ္းသာျဖစ္ခဲ့ရသည္။ သို႔ေသာ္လည္း ႐ုရွားနိုင္ငံမွာ စစ္ကို ဆက္လက္တိုက္ခိုက္ရန္ အေျခအေနမ်ိဳး မရွိေတာ့ေခ်။ တပ္တြင္း စည္းကမ္းမ်ား ပ်က္ျပားကာ တပ္ေျပးအေရအတြက္မွာလည္း မ်ားသည္ထက္ မ်ားျပားလာသည့္အျပင္ ေနရာတိုင္းတြင္ အရႈံးႀကီးရႈံးေနခဲ့သည္။ ထိုအတြင္း လူအခ်င္းခ်င္း အရွင္းရွင္ နယ္ခ်ဲ့စစ္ပြဲတြင္ တစ္ဦးႏွင့္ တစ္ဦး တိုက္ခိုက္ေနရန္ မသင့္ေၾကာင္း ေႂကြးေၾကာ္သံ ေပၚေပါက္လာခဲ့ၿပီးေနာက္ ထိုႏွစ္ နိုဝင္ဘာလတြင္ ေဗာ္လရွီဗစ္တို႔သည္ အုပ္ခ်ဳပ္ေရးအာဏာကို သိမ္းပိုက္ခဲ့ေလသည္။ ေဗာ္လရွီဗစ္ အစိုးရသည္ ဒီဇင္ဘာလထဲတြင္ ဂ်ာမန္တို႔ႏွင့္ စစ္ေျပၿငိမ္းရန္ ႀကိဳးပမ္းခဲ့ရာ ၁၉၁၈ ခု မတ္လထဲတြင္ ဗရက္ စ-လီေတာ့ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ေလသည္။ ထို႔ေၾကာင့္ ဂ်ာမန္တို႔သည္ အေရွ႕ဘက္စစ္မ်က္ႏွာမွ စစ္သား ေထာင္ေပါင္းမ်ားစြာကို အေနာက္ဘက္စစ္မ်က္ႏွာသို႔ ေ႐ႊ႕ေျပာင္းနိုင္ခဲ့ေသာ ျပင္သစ္ႏွင့္ အဂၤလိပ္တို႔အား ယခင္ကထက္ပိုမို ဖိတိုက္နိုင္ခဲ့သည္။ အီတာလ်ံစစ္မ်က္ႏွာတြင္ အီတလီတို႔သည္ မူလႀကံ႐ြယ္ခ်က္အတိုင္း ထရီးယက္ၿမိဳ႕ဆီသို႔ တျဖည္းျဖည္းခ်ီတက္ခဲ့ရာ ၿမိဳ႕ႏွင့္ ဆယ္မိုင္ခန႔္အကြာေနရာသို႔ပင္ ေရာက္ရွိလာခဲ့သည္။ သို႔ေသာ္လည္း မၾကာမီ ဂ်ာမန္စစ္ကူမ်ား ေရာက္ရွိလာ၍ ဩစႀတီးယားစစ္တပ္မ်ားႏွင့္ ပူးေပါင္းကာ ေအာက္တိုဘာလကုန္ေလာက္၌ ကားပိုရပ္တိုတြင္ အီတာလ်ံတပ္မ်ားကို ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္ခဲ့ရာ အီတာလ်ံတို႔ တပ္ပ်က္ကာ ဆုတ္ခြာခဲ့ရသည္။ ပီယားေဗျမစ္သို႔ ေရာက္မွ ဂ်ာမန္တို႔၏ ခ်ီတက္မႈကို တန႔္ေအာင္ ျပဳလုပ္နိုင္ေပေတာ့သည္။ ထိုသို႔ တန႔္ေအာင္ ခံနိုင္ခဲ့သည္မွာလည္း မဟာမိတ္မ်ားသည္ အီတာလ်ံတို႔အား ကူညီရန္ ထိုႏွစ္ ဒီဇင္ဘာမတိုင္မီ အေနာက္ဘက္စစ္မ်က္ႏွာမွ စစ္ကူတပ္မ်ားပို႔ေပးေသာေၾကာင့္ ျဖစ္ေလသည္။

ထိုႏွစ္အတြင္း ဂရိနိုင္ငံ၏ အေျခအေနမွာ တစ္မ်ိဳးတစ္ဖုံ ျဖစ္လာခဲ့သည္။ ဂရိဘုရင္ ကြန္စတန္တင္းသည္ ဇြန္ ၂ရက္ေန႕တြင္ နန္းမွ ဆင္းသက္ကာ မဟာမိတ္တို႔အား လိုလားသူ ဒုတိယသားေတာ္ အလက္ဇႏၵားအား နန္းအပ္ခဲ့ရေလသည္။ အလက္ဇႏၵားသည္ ဂရိမ်ိဳးခ်စ္တပ္မ်ားကို ေခါင္းေဆာင္ခဲ့သူ ဗဲနီေဇေလာ့ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္ထား၍ မဟာမိတ္တို႔ဖက္မွ ကူညီတိုက္ခိုက္ေလသည္။ ၁၉၁၇ ခုႏွစ္စေလာက္အထိ အေမရိကန္ျပည္ေထာင္စုနိုင္ငံသည္ စစ္ထဲမဝင္ပါေသးဘဲ ႏွစ္ဦးႏွစ္ဖက္စလုံး လက္နက္မ်ား ေရာင္းခ်ကာ ၾကားေနခဲ့သည္။ ေရတပ္အင္အားတြင္ ၿဗိတိသွ်တို႔က သာသျဖင့္ ေရေၾကာင္းျဖင့္ သယ္ယူေသာ အေမရိကန္ လက္နက္ပစၥည္းမ်ားမွာ မဟာမိတ္တို႔ဖက္သာ အေရာက္မ်ားခဲ့ေလရာ ဂ်ာမန္တို႔အဖို႔ အေမရိကန္ျပည္ေထာင္စု နိုင္ငံမွာ မဟာမိတ္တို႔၏ လက္နက္သိုေလွာင္ရာ ဌာနႀကီး ျဖစ္ေနေပသည္။ သို႔ျဖစ္၍ ဂ်ာမန္တို႔သည္ မဟာမိတ္ထံ ေပးပို႔ေသာ အေမရိကန္ လက္နက္တင္ သေဘၤာမ်ားကို ေရငုပ္သေဘၤာမ်ားျဖင့္ တိုက္ခိုက္ဖ်က္ဆီးခဲ့ရာ အေမရိကန္ သေဘၤာမ်ားႏွင့္ လူအေျမာက္အမ်ားပင္ ဂ်ာမန္ေရငုပ္သေဘၤာမ်ား၏ လက္ခ်က္ေၾကာင့္ နစ္ျမဳပ္ေသေၾကပ်က္စီးၾကေလသည္။ ထို႔အျပင္ မကၠဆီကိုနိုင္ငံအားယင္းဆုံရႈံးခဲ့ေသာ နယ္ပယ္တို႔ကို ျပန္လည္သိမ္းပိုက္နိုင္ေရးအတြက္ ဂ်ာမနီက ေငြေၾကးေထာက္ပံ့ရန္ ႀကံစည္ေနေသာေၾကာင့္ အေမရိကန္ျပည္ေထာင္စုသည္ ၁၉၁၇ ခု ဧၿပီလ ၆ ရက္ေန႕တြင္ ဂ်ာမနီနိုင္ငံကို စစ္ေၾကညာခဲ့၏။သို႔ေသာ္ အေမရိကန္မွာ စစ္တိုက္ရန္ အစီအစဥ္က်စြာ မရွိေသးသျဖင့္ ၁၉၁၇ ခုႏွစ္ ဇြန္လ ၁၇ ရက္ေန႕တြင္ အေမရိကန္စစ္တပ္စုသည္ ျပင္သစ္နိုင္ငံသို႔ ပထမဆုံးအႀကိမ္ ပို႔နိုင္ခဲ့ေလသည္။ ထိုႏွစ္တြင္ ပုပ္ရဟန္းမင္းႀကီး ၁၅ ဆက္ေျမာက္ ဗဲနီးဒစ္သည္ စစ္ျပၿငိမ္းရန္ ႀကိဳးစားျဖန္ေျဖခဲ့ေသးသည္။ သို႔ေသာ္ မဟာမိတ္တို႔ဖက္မွ စစ္ေျပၿငိမ္းရန္ မလိုလားသျဖင့္ ႀကိဳးပမ္းခ်က္မွာ မေအာင္ျမင္ခဲ့ေခ်။

၁၉၁၈ ခုႏွစ္ စစ္အတြင္း အေျခအေန
ထိုႏွစ္၌ ဂ်ာမန္တို႔သည္ မဟာမိတ္တို႔ကို အျပဳတ္တိုက္ရန္ အႀကီးအက်ယ္ စစ္ဆင္ေနခဲ့ေသာ ႏွစ္ျဖစ္သည္။ စစ္သူႀကီး ဟင္ဒင္ဗတ္က ဂ်ာမန္တပ္မ်ားသည္ ဧၿပီလ တစ္ရက္ေန႕တြင္ ပါရီၿမိဳ႕ကို သိမ္းပိုက္နိုင္ရမည္ဟု ေက်ညာခဲ့ေလသည္။ ဂ်ာမန္တို႔၏ ထိုးစစ္ေၾကာင္းမွာ အီးပရား၏ ေတာင္ဘက္ မွ စတင္၍ ငါးဆယ့္တစ္မိုင္မွ် ရ်ည္လွ်ားေလသည္။ ထိုမွ်ေလာက္ ႀကီးမားလွေသာ အင္အားႏွင့္ ဖိတိုက္သျဖင့္ ထိုမွ်ေလာက္ လူအေသအေၾကမ်ားလွေသာ စစ္ပြဲမ်ိဳး ယခင္က မရွိခဲ့ဟုဆိုၾကသည္။ ဂ်ာမန္တို႔၏ အင္အားႀကီးမားလွသျဖင့္ ဆယ္ရက္ခန႔္အတြင္း ႏွစ္ဆယ့္ခုႏွစ္မိုင္မွ် မဟာမိတ္တို႔၏ စစ္ေၾကာင္းအတြင္းသို႔ ကြၽံဝင္ခဲ့၏။ ထိုအခါ မဟာမိတ္တပ္မ်ားအားလုံးကို ကြပ္ကဲရန္ ျပင္သစ္ ဗိုလ္ခ်ဳပ္မႉး ေဖါ့အား အေနာက္ဘက္စစ္မ်က္ႏွာ စစ္ေသနာပတိအျဖစ္ခန႔္ကာ အစြမ္းကုန္ ခုခံ တြန္းလွန္ေစေလသည္။ သို႔ေသာ္လည္း ရန္သူအင္အား ႀကီးမားလွ၍ တပ္ေပါင္းစုံမွ ဆုတ္၍ ဆုတ္၍သာ ေပးရေလ၏။ ဂ်ာမန္တို႔ကလည္း ပါရီၿမိဳ႕ေတာ္သို႔ ခ်ီတက္ရန္ လမ္းပြင့္ဖို႔ ႀကိဳးပမ္းကာ ဖိတိုက္ၾကေလသည္။ ယင္းသို႔ျဖင့္ ဂ်ာမန္တို႔မွာ ပါရီၿမိဳ႕အနီး ကပ္လာေလရာ ၿမိဳ႕ေတာ္ႀကီးက်ဆဳံးရန္ နာရီပိုင္မွ်ေလာက္သာ လိုေတာ့သည္။ ထိုအေတာအတြင္း အေမရိကန္ေရတပ္မွ တပ္သားရွစ္ေထာင္ပါဝင္ေသာ တပ္တစ္တပ္သည္ ေျခာက္ေထာင္မွ် အက်ခံကာ ဂ်ာမန္တို႔ ပါရီသို႔ ခ်ီတက္ရာ လမ္းေၾကာင္းကို တာဆီးနိုင္ရန္ ႀကိဳးစားခဲ့ရာ အတန္ပင္ ေအာင္ျမင္ခဲ့ေလသည္။ ထို႔အျပင္ ရွားတိုးသီယဲရီးတြင္ စစ္ပန္းေနၿပီ ျဖစ္ေသာ ျပင္သစ္တပ္ကို လူစားထိုးရန္ ေရာက္ရွိလာခဲ့သည့္ အေမရိကန္တပ္သည္ ဂ်ာမန္တို႔ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္ေနသည့္ၾကားမွ ထိုးစစ္ဆင္ကာ ထိုအရပ္မွ ဂ်ာမန္မ်ားကို ရွင္းလင္းပစ္နိုင္ခဲ့ေလသည္။ ထို႔ေၾကာင့္ ဂ်ာမန္တို႔လည္း ထိုးစစ္မွ ခံစစ္အျဖစ္သို႔ ေျပာင္းလဲသြားရၿပီးလွ်င္ ပါရီၿမိဳ႕ေတာ္ႀကီးမွာလည္း ရန္သူလက္ထံ က်ေရာက္မည့္ေဘးမွ ကင္းလြတ္ခဲ့ေလသည္။


အေမရိကန္ စစ္ကူတပ္မ်ား အဆက္မျပတ္ တင္ပို႔ အားျဖည့္နိုင္ျခင္းေၾကာင့္၊ ဗိုလ္ခ်ဳပ္မႉး ေဖါ့မွာ ရန္သူတပ္မ်ားကို အင္အားေတာင့္တင္းစြာႏွင့္ တိုက္ခိုက္နိုင္ေလသည္။ စစ္ပန္းလာၿပီျဖစ္ေသာ ဂ်ာမန္တပ္မ်ားမွာ အင္အားျပည့္ လန္းဆန္းေနေသာ အေမရိကန္တို႔ႏွင့္ ယွဥ္ရသည့္အခါတိုင္းလိလိပင္ ေနာက္ဆုတ္ေပးခဲ့ရေလသည္။ ေျမာက္ဘက္တြင္လည္း မဟာမိတ္တပ္မ်ားသည္ ေျမာက္ပင္လယ္အနီးမွ ဖိတိုက္ခဲ့ေလရာ ဗယ္လဂ်ီယမ္နိုင္ငံမွ ၿမိဳ႕မ်ားကို ျပန္လည္ သိမ္းပိုင္နိုင္ခဲ့၍ ဂ်ာမန္တပ္မ်ားကိုလည္း အတန္ပင္ ရွင္းလင္းတိုက္ထုတ္ပစ္နိုင္ခဲ့ၾကသည္။ ၁၉၁၈ ခု ေအာက္တိုဘာလ ၁၉ ရက္ေန႕တြင္ ဂ်ာမန္တို႔၏ ေရငုပ္သေဘၤာစခန္းျဖစ္ေသာ ေဇးဗ႐ြတ္ဂီၿမိဳ႕မွ ဂ်ာမန္မ်ားကို တိုက္ထုတ္ပစ္ကာ ထိုၿမိဳ႕ကို ျပန္လည္သိမ္းပိုက္နိုင္ခဲ့၏။ ထိုအေတာအတြင္း အေနာက္ဘက္စစ္ေၾကာင္းတစ္ေလွ်ာက္တြင္လည္း ဂ်ာမန္တို႔ကို ေတာင္ဘက္သို႔လည္းေကာင္း၊ အေရွ႕ဘက္သို႔လည္းေကာင္း ေရာက္ေအာင္ တျဖည္းျဖည္း ဖိ၍ တိုက္ထုတ္နိုင္ခဲ့ေလသည္။ ေတာင္ဘက္မွ ဖိ၍တိုက္လာသည့္ အေမရိကန္တပ္မ်ား၏ ဒဏ္ကို မခံနိုင္ေသာ ဂ်ာမန္တပ္မ်ားသည္ ဇူလိုင္လမွ စ၍ တဆုတ္တည္း ဆုတ္ခဲ့ေလရာ ေနာက္ဆုံး ျပင္သစ္ေျမ၌ မိုးဗန္းခံတပ္တစ္ခုသာလွ်င္ ေျခကုပ္အျဖစ္ က်န္ေလေတာ့သည္။ ထိုအေတာအတြင္း ဂ်ာမန္၏ ဘက္ေတာ္သားမ်ားမွာလည္း ရႈံး၍သာ ေနၾကေလသည္။ ၁၉၁၈ ခုစက္တင္ဘာလ ၁၅ ရက္ေန႕တြင္ ဆယ္လိုနီးကား၌ ေသာင္တင္ေနေသာ မဟာမိတ္တပ္မ်ားသည္ ထိုးစစ္ဆင္ကာ ေရွ႕သို႔ ခ်ီတက္ခဲ့၏။ ရက္သတၱပတ္ ႏွစ္ပတ္အတြင္း ဆားဗီးယားနိုင္ငံေတာင္ပိုင္း တစ္ခုလုံးလိုလိုပင္ ျပန္လည္သိမ္းယူခဲ့ၾကသည္။ သို႔ျဖစ္၍ နိုင္ငံတြင္းခ်ီတက္တိုက္ခိုက္ျခင္း ခံရမည္ကို စိုးရိမ္သည္ႏွင့္ ဗူလေဂးရီးယားသည္ စက္တင္ဘာလ ၂၉ ရက္ေန႕တြင္ လက္နက္ခ်လိဳက္ေလသည္။ ထို႔ေနာက္ ေျမာက္ဘက္သို႔ ဆက္လက္ ခ်ီတက္ခဲ့ရာ ဆက္လက္၍ ေအာင္ပြဲရခဲ့ေလသည္။ ဩစႀတီးယန္းတပ္မ်ားလည္း အယ္လေဗးနီးယားႏွင့္ မြန္တီးနီးဂရိုးျပည္မ်ားမွ ဆုတ္ေပးရေလသည္။ တစ္လခြဲခန႔္အတြင္း ဆားဗီးယားမွ ဩစႀတီးယန္း တပ္မ်ားကို ေမာင္းထုတ္နိုင္ခဲ့ၿပီးေနာက္ ဗဲလရိတ္ၿမိဳ႕ကိုလည္း ျပန္လည္သိမ္းပိုက္နိုင္ခဲ့၏။

ထိုထိုးစစ္ႏွင့္ တစ္ၿပိဳင္တည္းလိုလိုပင္ ပါလက္စတိုင္းခ်ီ အယ္လင္ဗီ၏ တပ္သည္ ေအမာေဖးဆယ္ေခါင္းေဆာင္ေသာ အာရပ္တစ္စုႏွင့္ ကာနယ္တီအီ ေလာ့ရင့္တို႔၏ အကူအညီျဖင့္ ထိုးစစ္ဆင္ခဲ့ရာ တူရကီတို႔သည္ မခံနိုင္၍ ဒမက္စကပ္၊ ဧက၊ ေဗး႐ြတ္ႏွင့္ အလက္ပို စေသာ ၿမိဳ႕မ်ားကို သိမ္းပိုက္ရရွိခဲ့သည္။ ၁၉၁၈ ေအာက္တိုဘာလ ၃၁ ရက္ေန႕တြင္ တူရကီ လက္နက္ခ်ေလသည္။ ထိုႏွစ္ ေအာက္တိုဘာလထဲတြင္ ပီယားေဗးျမစ္ကို ျဖတ္၍ ခ်ီတက္ခဲ့ေသာ အီတလီတပ္တို႔သည္ ဩစႀတီးယန္းတပ္မ်ားကို ႏွစ္ခုကြဲေအာင္ တိုက္ခဲ့ေလရာ တပ္ပ်က္ၿပီးေနာက္ ၁၀ ရက္ခန႔္အတြင္း တပ္သား သုံးသိန္းေက်ာ္မွ် လက္နက္ခ်ခဲ့ေလသည္။သို႔ျဖစ္၍ ဩစႀတီးယန္းတပ္မ်ား၏ ဗိုလ္ခ်ဳပ္က စစ္ရက္စဲရန္ ေတာင္းပန္ခဲ့ရ၏။ ထိုသို႔ တပ္ပ်က္ခဲ့သည့္ႏွင့္ ဩစႀတီးယားအစိုးရအဖြဲ႕လည္းပ်က္ခဲ့ေလသည္။ ဩစႀတီးယားနိုင္ငံ ေတာ္အတြင္းရွိ ဗိုဟီးမီးယားျပည္နယ္ႏွင့္ အျခားျပည္နယ္ အသီးသီးတို႔သည္ ေတာလွန္ပုန္ကန္ကာ လြတ္လပ္ေရးကို ေက်ညာခဲ့ၾကသည္။ သို႔ျဖစ္၍ ဂ်ာမနီ တစ္ဦးတည္းသာ က်န္ေလေနေတာ့သည္။

၁၉၁၈ ခု နိုဝင္ဘာလ ၃ ရက္ေန႕တြင္ ကီးေရတပ္စခန္းရွိ ဂ်ာမန္ေရတပ္ ပုန္ကန္ရာ မၾကာမီ ဗရီးမင္းႏွင့္ ဟမ္းဗတ္ေရတပ္မ်ားသို႔ ကူးစက္သြားေလသည္။ စစ္တပ္အေျခအေနမွာလည္း ေမွ်ာ္လင့္စရာ မရွိေအာင္ ဆိုး႐ြားေနသည္ကို သိရွိေသာ ဂ်ာမန္အစိုးရသည္ ေအာက္တိုဘာလထဲကပင္ စစ္ေျပၿငိမ္းရန္ ဂ်ာမန္ ဝန္ႀကီးခ်ဳပ္ မင္းသားႀကီး မကၠဆီမီလ်ံက စကားကမ္းလွန္းခဲ့ေလသည္။ ထို႔ျပင္ သူ႕အစိုးရအဖြဲ႕တြင္ ဆိုရွယ္လစ္မ်ားကိုလည္း ပါဝင္ေစခဲ့ရာ ရက္မ်ားမၾကာမီ အစိုးရ အဖြဲ႕ကို သူတို႔ႀကိဳးကိုင္ၿပီးလွ်င္ အေမရိကန္ သမၼတ ဝီလဆန္ထံ စစ္ေျပၿငိမ္းေရးအတြက္ စကားကမ္းလွမ္းခဲ့ေလသည္။ သို႔ေသာ္ ဝီလဆန္က မဟာမိတ္ တပ္ေပါင္းစုံ စစ္ေသနာပတိ မာရွယ္ေဖါ့ႏွင့္ ေဆြးေႏြးရန္ ၫႊန္ၾကားခဲ့၏။ထိုအေတာအတြင္း ကိုင္ဇာ ဘုရင္သည္ ဘာလင္ၿမိဳ႕မွ ထြက္ခြာၿပီးေနာက္ သူ၏စစ္တပ္မ်ားရွိရာ သြားေရာက္ေနထိုင္ခဲ့ေလသည္။ သို႔ေသာ္ ဝန္ႀကီးခ်ဳပ္က ကိုင္ဇာအား နန္းစြန႔္ရန္ ေတာင္းဆိုခဲ့ရာ ဟင္ဒင္ဗတ္ကလည္း သေဘာတူခဲ့သျဖင့္ နိုဝင္ဘာလ ၁၀ ရက္ေန႕တြင္ နန္းစြန႔္ၿပီးလွ်င္ ေဟာလန္နိုင္ငံသို႔ ထြက္ေျပးရေလသည္။ ဂ်ာမန္တို႔လည္း သမၼတ ဝီလဆန္ ၫႊန္ၾကားသည့္အတိုင္း ဖာရွယ္ေဖါ့ထံတြင္ စစ္ေျပၿငိမ္းေရးအတြက္ စကားကမ္းလွမ္းခဲ့ရာတြင္ မဟာမိတ္တို႔အခ်င္းခ်င္း ေဆြးေႏြးၿပီးေနာက္ စစ္ရပ္စဲေရး စည္းကမ္းခ်က္မ်ားကို ေရးဆြဲခဲ့၏။ ထိုစည္းကမ္းခ်က္မ်ားကို မာရွယ္ေဖါ့က ကြန္းပ်င္း သစ္ေတာအတြင္း ရပ္တန႔္ထားေသာ မီးရထားတြဲေပၚတြင္ နိုဝင္ဘာလ ၁၁ ရက္ မိုးေသာက္ယံအခ်ိန္၌ ဂ်ာမန္အစိုးရ ကိုယ္စားလွယ္မ်ားအား ေပးအပ္ေလသည္။ ယင္းတို႔ကို ဂ်ာမန္တို႔က လက္ခံလိုက္သျဖင့္ ၆ နာရီအၾကာ နံနက္ ၁၁ နာရီတြင္ အပစ္အခက္ ရပ္စဲသြားေလသည္။ ထိုေန႕ထိုအခ်ိန္ကို ေနာင္လာေနာက္သားမ်ားသည္ ေတာ္ေတာ္ႏွင့္ပင္ ေမ့နိုင္ေတာ့မည္ မဟုတ္ေခ်။

UniCode version

ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး (Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည် အများစုမှာ စစ်ကြီးမဖြစ်ခင်က သာမန်အရပ်သားများသာ ဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ မိုင် ရှိသည်ဟု ဆိုကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ်ပတ်ပါက ထက်ဝက်နီးပါးခန့်ရှိမည်ဖြစ်သည်။

ပထမကမ္ဘာစစ်အတွင်းတွင် နိုင်ငံအုပ်စုကြီးနှစ်ခု ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိန်၊ ပြင်သစ် နှင့် ရုရှားတို့ ပါဝင်သော မဟာမိတ်နိုင်ငံများ (Allied Powers/Triple Entente) နှင့် ဂျာမနီ၊ ဩစတြီးယားနှင့် ဟန်ဂေရီတို့ ပါဝင်သော ဗဟိုအင်အားကြီး နိုင်ငံများ (Central Power/Triple Alliance) တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မဟာမိတ်နိုင်ငံများဘက်မှ ဂျပန်နိုင်ငံစသော နိုင်ငံငယ်များ ပါဝင်လာပြီး ဗဟိုအင်အားကြီးနိုင်ငံများဘက်မှ တူရကီ၊ ဘူလ်ဂေးရီယားစသော နိုင်ငံများ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီး ပြီးခါနီးတွင်မှ အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီးအပြီးတွင် ဗဟိုအင်အားကြီးနိုင်ငံများ ရှုံးနိမ့်၍ မဟာမိတ်နိုင်ငံများ အနိုင်ရရှိခဲ့သည်။

စစ်ဖြစ်ရသည့် အကြောင်းအရင်းများ
အရင်းရှင်နိုင်ငံကြီးများအကြား အချင်းချင်းပြိုင်ဆိုင်မှု ပြင်းထန်လာသောကြောင့် ပထမကမ္ဘာစစ်ကြီးစတင် ဖြစ်ပွားခဲ့သည်။ စစ်ကြီးဖြစ်ပွားစေသော အကြောင်းအရင်းများမှာ -

ကိုလိုနီ နယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာခြင်း
အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း
မဟာမိတ်စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းလာခြင်းနှင့်
လက်နက်အပြိုင် တပ်ဆင်လာခြင်းတို့ကြောင့် ဖြစ်သည်။

ပထမကမ္ဘာစစ် စတင်ဖြစ်ပွားရခြင်းအကြောင်း
ပထမကမ္ဘာစစ်သည် ၁၉၁၄၊ ဇွန်လ (၂၈) ရက်နေ့တွင် ဩစတြီးယားအိမ်ရှေ့မင်းသား ဖရန်စစ် ဖာဒီနန်နှင့် ကြင်ရာတော်တို့ ဘော့စနီးယားနိုင်ငံ ဆာရာယေဗိုမြို့တွင် လုပ်ကြံခံရရာမှ စတင်ခဲ့သည်။ ဘော့စနီးယားနိုင်ငံသည် ၁၉၀၈ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ဘော့စနီးယန်း အများစုမှာ ဆာ့ဘ်လူမျိုးများ ဖြစ်ကြသည်။ ထိုသူတို့သည် ဩစတြီးယားလက်အောက်မှ လွတ်မြောက်၍ အိမ်နီးချင်း ဆားဘီးယားနိုင်ငံနှင့် ပေါင်းစည်းလိုကြသည်။ ဩစတြီးယား အိမ်ရှေ့မင်းသားကို လုပ်ကြံသူမှာ Black Hand ဟုခေါ်သော ဆာ့ဘ်အကြမ်းဖက်အသင်းဝင် ဘော့စနီးယန်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ဆားဘီးယားနှင့် ဘော့စနီးယား ပေါင်းစည်းရေးကို လိုလားသူဖြစ်သည်။

ဆားဘီးယားနိုင်ငံမှ ယင်းကဲ့သို့လုပ်ကြံမှုမျိုး ပေါ်ပေါက်အောင် အားပေးသည်ဟုဆိုကာ ဩစတြီးယားက ဆားဘီးယားကို ပြင်းထန်သည့် ရာဇသံများပို့ခဲ့သည်။ ဩစတြီးယား၏ ရာဇသံကို ဂျာမနီကထောက်ခံခဲ့သည်။ ထိုရာဇသံပါ အချက်အလက်များသည် ဆားဘီးယား၏ လွပ်လတ်ရေးကို ထိပါးသောကြောင့်လည်းကောင်း၊ ရုရှားနိုင်ငံ၏ ထောက်ခံမှုကို ရရှိသောကြောင့်လည်းကောင်း ဆားဘီးယားသည် ဩစတြီးယားကိုရင်ဆိုင်ရန် စစ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ရာဇသံကို လက်မခံနိုင်ကြောင်း ဩစတြီးယားအား အကြောင်းကြား ခဲ့သည်။

ထို့ကြောင့် ၁၉၁၄၊ ဇူလိုင်(၂၈) တွင် ဩစတြီးယားက ဆားဘီးယားကို စစ်ကြေညာခဲ့သည်။ ဩစတြီးယားနှင့် ဆားဘီးယားတို့ စစ်ဖြစ်ရာတွင် ဩစတြီးယားဘက်မှ ဂျာမနီကလည်းကောင်း၊ ဆားဘီးယားဘက်မှ ပြင်သစ်၊ ရုရှားနှင့် အင်္ဂလန်တို့မှလည်းကောင်း အသီးသီး ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကိုလိုနီခွဲဝေပေးမည်ဟူသော အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ ဆွဲဆောင်မှုကြောင့် ၁၉၁၅ တွင် အီတလီသည် ယင်းတို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။


ပွဲဦးထွက်
စစ်ဦးဘီလူးထွက် ထွက်လာသည့် ဂျာမနီကို တစ်ကမ္ဘာလုံးက အံ့ဩခဲ့ကြသည်။ ဂျာမန်တပ်တို့၏ တိုက်ခိုက်ပုံများမှာ အနှစ်နှစ်အလလက ကြိုတင်၍ သေချာစွာ ပြင်ဆင်မှု ရှိသကဲ့သို့ အချက်ကျကျ အရာရောက်ရောက်နှင့် ထိမိစွာ တိုက်ခိုက်နိုင်သည်။ ဂျာမနီ၏ စစ်တပ်အင်အားမှာ ဥရောပ တစ်တိုက်လုံး၌ အကြီးမား အထင်ရှားဆုံး ကဲ့သို့ ဖြစ်ခဲ့သည်။ ဂျာမနီသည် တစ်လအတွင်း ပြင်သစ်အား သိမ်းပိုက်ပြီးမှ ရုရှားကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် ဗြိတိန်ကို သိမ်းသွင်းပြီး အရှေ့ဘက်သို့ နယ်ချဲ့ရန်၊ ဗော်လကန်နယ်များကို သိမ်းသွင်းရန် အစီအစဉ်လည်း ရှိလေသည်။

ဘယ်လဂျီယမ်ကို ဖြတ်ကျော်ခြင်း
ဂျာမနီသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ပြင်သစ်အား ပိုမိုလျင်မြန်လွယ်ကူစွာ သိမ်းပိုက်နိုင်ရန် ဘယ်လဂျီယမ်နိုင်ငံထံ ဖြတ်သန်းခွင့် တောင်းခံခဲ့သည်။ ဘယ်လဂျီယမ်မှာ ကြားနေနိုင်ငံဖြစ်ရာ ဖြတ်သန်းခွင့် မပေးခဲ့ချေ။ ထိုအခါ ဂျာမနီသည် ဇွတ်အတင်း ဖြတ်ကျော်လေသည်။ ဗြိတိန်သည် ဘယ်လဂျီယမ်တွင် ဂျာမန်တပ်များ ရှိနေပါက အင်္ဂလန်ကျွန်း၏ လုံခြုံရေးကို စိုးရိမ်ရသည်က တစ်ကြောင်း၊ဘယ်လဂျီယမ်၏ ကြားနေရေးကို အာမခံထားသည့်အပြင် ယင်းကို ထိပါးလာပါက ကူညီပါမည်ဟု စာချုပ်ချုပ်ထားသည်က တစ်ကြောင်းတို့ကြောင့် ဘယ်လဂျီယမ်ဘက်မှ ကူညီတိုက်ခိုက်ရန် အကြောင်းပြု၍ ဂျာမနီမှ ဘယ်လဂျီယမ်အား စတင်တိုက်ခိုက်သည့် ဩဂုတ်လ ၄ ရက်နေ့မကုန်မီမှာပင် စစ်ကြေငြာကာ စစ်ထဲပါဝင်လာသည်။ ဂျပန်သည် ဗြိတိန်နှင့် ချုပ်ဆိုထားသော မဟာမိတ်စာချုပ်အရ မကြာမီ ဗြိတိန်ကို ကူညီရန် စစ်ကြေငြာကာ စစ်ထဲဝင်ခဲ့သည်။ အခြား ဟန်ဂေရီ၊ ဘူလ်ဂေးရီယား၊ တူရကီစသော နိုင်ငံများကလည်း ဂျာမနီနှင့် ဩစတြီးယားဘက်မှ စစ်ထဲဝင်လာကြရာ ဗဟိုအင်အားကြီးနိုင်ငံများဟု ခေါ်သော ထိုနိုင်ငံများကတစ်ဘက် ရုရှား၊ ပြင်သစ်၊ အင်္ဂလိပ်စသော မဟာမိတ်နိုင်ငံများကတစ်ဘက် စစ်ရေးပြိုင်ကြသည့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာခဲ့သည်။


(၁၉၁၄ ခုနှစ်)ရထားတွဲ တစ်ခုအတွင်းရှိ ဂျာမန် စစ်သားများ၊ တွဲဆိုင်းပေါ်တွင်ရေးထားသည်မှာ" ပဲရစ်သို့ ခရီးထွက်ခြင်း" ဖြစ်သည်။
ဘယ်လဂျီယမ်သည် ရှိသမျှစစ်သား ၂ သန်းခန့်နှင့် အင်အားကြီးမားသော ဂျာမန်စစ်တပ်ကြီးကို ရက်သတ္တ ၂ ပတ်မျှ ကြာအောင် ခုခံတွန်းလှန်နေခဲ့သဖြင့် ပြင်သစ်အဖို့ ဂျာမန်များဝင်ရောက်မည့် လမ်းများတွင် စစ်အင်အား ထပ်ဖြည့်ထားရန် အချိန်ရခဲ့သည့်အပြင် ပြင်သစ်နိုင်ငံမြောက်ပိုင်းသို့ ရှိသမျှသော အင်္ဂလိပ်စစ်တပ်များကိုလည်း တင်ပို့နိုင်ခဲ့သည်။ ထိုသို့ မဟာမိတ်များဘက်တွင် စစ်အင်အား ဖြည့်တင်းရန် အချိန်ရရှိသွားသည့်အတွက် ဂျာမနီမှ စစ်ကိုလျင်မြန်စွာ အနိုင်နှင့်ပိုင်းရန် ရည်မှန်းချက်ကြီး ပျက်ပြားရသည်။


ဆားဗီးယား စစ်တပ်ကြီး အယ်ဘီးနီးယားသို့ ချီတက်စဉ်
ဘယ်လဂျီယမ် အာဇာနည်စစ်သည်များသည် အစွမ်းကုန်ကြိုးစား တွန်းလှန်ကြသော်လည်း ဂျာမနီ၏ ကြီးမားတောင့်တင်းလှသော ဒဏ်ကို မခံနိုင်ပဲ ဩဂုတ်လ ၁၅ ရက်နေ့တွင် လီအေ့ခံတပ်ကြီး ကျိုးပေါက်သွားပြီးနောက် ၄ ရက်မျှအကြာတွင် ဗရပ်ဆဲမြို့တော်ကြီး ကျဆုံးခဲ့ရလေသည်။ ဘယ်လဂျီယမ် အစိုးရအဖွဲ့လည်း ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့သွားရသည်။

ပထမမန်းတိုက်ပွဲ
ဘယ်လဂျီယမ်နိုင်ငံကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံဘက်သို့ ဂျာမန်တပ်များ ဆက်လက် ချီတက်ခဲ့သည်။ ထိုအခါ ဘယ်လဂျီယမ်၊ ပြင်သစ်၊ အင်္ဂလိပ်တပ်များကလည်း တွန်းလှန်နိုင်သမျှ တွန်းလှန်ခဲ့သည်။ ဤသို့ဖြင့် မဟာမိတ်တပ်များနှင့် ဂျာမန်တပ်များသည် အနောက်ဘက် စစ်မြေပြင် မန်းမြစ်အနီးတွင် ယှဉ်ပြိုင်တိုက်ခိုက်ကြရာ ဂျာမန်တို့ နောက်ဆုတ်ပေးရသည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံအတွက် အတန်စိတ်အေး သွားရသော်လည်း ဂျာမန်တို့မှာ ပြင်သစ်နိုင်ငံ၏ အကြွယ်ဝဆုံးသောနယ် ဆယ်ပုံတစ်ပုံခန့်ကို သိမ်းပိုက်မိထားကြသည်။

စစ်ဖြစ်၍ ကြည်းကြောင်းတိုက်ပွဲများတွင် မဟာမိတ်တပ်များသာလျှင် အရှုံးများလေသည်။ ဘယ်လဂျီယမ်နိုင်ငံ အီးပရားတိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်ကြီး တပ်လုံးပြုတ်လုမတတ် ကျဆုံးခဲ့သည်။ ထို့ကြောင့် ဗြိတိန်သည် စစ်တပ်အင်အားကို ထပ်မံဖြည့်တင်းခဲ့ရာ တစ်နှစ်အတွင်း တပ်သားပေါင်း ၁ သန်းကျော် ရရှိခဲ့၍ ဗြိတိသျှ နိုင်ငံတော်အတွင်းမှ စစ်တပ်အင်အားများပါဆိုလျှင် တပ်သား ၂ သန်းကျော် ရှိခဲ့သည်။ သို့သော် စစ်ပွဲတွင် ရန်သူတပ်များနှင့် ယှဉ်ပြိုင်တိုက်နိုင်လောက်အောင်ကား ကျင့်သား မရှိကြသေးပေ။ ၁၉၁၇ ခုနှစ်လောက်တွင်မှ အင်္ဂလိပ်တို့၏ တိုက်ခိုက်မှု အင်အားမှာ ထိပ်တန်းသို့ ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

၁၉၁၅ ခုနှစ်အတွင်း စစ်အခြေအနေ
အနောက်ဘက် စစ်မျက်နှာတွင် သုံးနှစ်ခန့်အတွင်း အကြီးအကျယ် ပြောင်းလဲခဲ့ခြင်း မရှိပေ။ ထိုကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့သည် လက်နက်ခဲယမ်း မီးကျောက်များ တိုးတက်တည်ဆောက် ထုတ်လုပ်နိုင်ခဲ့သည် ဖြစ်ရာ တိုက်ပွဲများတွင် အများအားဖြင့် အမြောက်ကို သုံးနိုင်ခဲ့ကြသည်။ ထိုနှစ်အတွင်း စစ်မျက်နှာ၌ အရေးအပါဆုံး တိုက်ပွဲမှာ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဗာဒန်မှာ ပဲရစ်မြို့သွားရာ လမ်းပေါ်တွင် တည်ရှိ၍ ပြင်သစ်ခံစစ်ကြောင်း၏ အချက်အချာ ဖြစ်လေရာ ဂျာမန်အိမ်ရှေ့ ဥပရာဇာကိုယ်တိုင် ဗာဒန်ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့သည်။ ပြင်သစ်တို့ကလည်း ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့၍ သွေးချောင်းစီးသော တိုက်ပွဲကြီးများ ထိုမြို့အနီး၌ ဖြစ်ပွားခဲ့လေသည်။ သို့သော် ဗာဒန်မြို့မှာ ဗိုလ်ချုပ်မှူး (နောက်မာရှယ်) ပေတန်း၏ ကြိုးပမ်းချက်ကြောင့် မကျပဲရှိနေခဲ့သည်။ ထိုနှစ်တွင် ဂျာမန်တို့သည် အင်္ဂလန်ဘက်သို့ လွယ်ကူစွာ ကူးနိုင်ရေးအတွက် ကဲလေးမြို့ကို သိမ်းပိုက်ရန် စစ်ဆင်ကြပြန်ရာ ဓာတ်ငွေ့များကိုပင် အသုံးပြုလေသည်။ သို့သော် ကနေဒီယန် တပ်သားများ၏ ရွပ်ရွပ်ချွံချွံ တွန်းလှန်မှုကြောင့် ၁၉၁၈ ခုနှစ်တိုင်အောင် ဂျာမန်တို့၏ရန်မှ ကင်းလွတ်ခဲ့သည်။ ထိုနှစ်တွင် မဟာမိတ်တို့မှ အရေးပါသော အောင်မြင်မှုမှာ သံမဏိနှင့် အင်္ဂတေတို့ဖြင့် ခိုင်ခံ့စွာ ပြုလုပ်ထားသော လက်ဗီရင့်ခေါ် ဝင်္ကပါအမည်ရှိ ဂျာမန်မြေအောက်ခံတပ်ကြီးကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ မဟာမိတ်တို့သည် ပြင်သစ်နှင့် ဘယ်လဂျီယမ်နိုင်ငံတို့မှ ရန်သူလက် ကျရောက်ခဲ့သော နယ်များကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း စတုရန်းမိုင်ပေါင်း ၅၀ ခန့်သာ ပြန်ရခဲ့သည်။

အရှေ့ဘက် စစ်မျက်နှာ မြောက်ဘက်တွင် ဗွန်ဟင်ဒင်ဗတ်၏ ဂျာမန်စစ်တပ်များသည် မဆူးရီယန်အိုင်များ ဒေသတစ်ဝိုက်၌ အရေးသာနေကြသည်။


ရုရှားတပ်စုတစ်စု
တောင်ဘက်တွင် ပထမသော်ရုရှားသည် စစ်ရေးလှခဲ့သည်။ ဩစတြီးယားတပ်များ ဂလစ်ရှာနယ်ကိုဖြတ်၍ ဟန်ဂေရီနိုင်ငံထဲသို့ပင် ဝင်နိုင်ခဲ့သည်။ သို့သော် ၁၉၁၅ ခုနှစ် နွေရာသီတွင် ဂျာမန်နှင့် ဩစတြီးယားတပ်များ ပူးပေါင်း၍ ရုရှားတို့အား ဂလစ်ရှာနယ်ထဲမှ အထူးအောင်မြင်စွာ မောင်းထုတ်လိုက်သည်။ ထိုအခါ နစ်ကလပ် မင်းသားကြီးနေရာတွင် ရုရှားဇာဘုရင်ကိုယ်တိုင် ထိုတပ်များကို ကွပ်ကဲတိုက်ခိုက်လေသည်။

ရုရှားအား ဗဟိုနိုင်ငံများ၏ ဖိနှိပ်ခြင်းမှ သက်သာရာရစေရန် မဟာမိတ်တပ်များသည် တူရကီပိုင် ဒါးဒနဲရေလက်ကြားမှ ဂလစ်ပိုလီကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် မအောင်မြင်သည့်အပြင် ဗော်လကန်ပြည်နယ်များ၏ အထင်သေးခြင်းကိုပင် ခံရလေသည်။ ဩစတြီးယားသည် ဆားဗီးယားကို တိုက်ခိုက်ခဲ့ရာတွင် မျှော်လင့်သလောက် မလွယ်ကူလှချေ။ ဩစတြီးယားတို့က ဆားဗီးယားမြို့တော် ဗဲလ်ဂရိတ်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း ဆားဗီးယားတို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မကြာမီ အူရောင်ငန်းဖျားရောဂါ ကျရောက်သဖြင့် ဆားဗီးယားတပ်များ အတော်ပင် အင်အားနည်းသွားလေသည်။


ဩစတြို-ဟန်ဂေရီတောင် ရှိ စစ်တပ်စုတစ်ခု
ထိုကာလအတွင်း ဘူလ်ဂေးရီးယားနိုင်ငံသည် ဗော်လကန်စစ်အတွင်းက ဆုံးရှုံးခဲ့သော ဗော်လကန်ပြည်နယ်အချို့ကို ပြန်ရရန် ရည်ရွယ်ချက်ဖြင့် ဗဟိုနိုင်ငံများဖက်သို့ ၁၉၁၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီးသော် ဆားဗီးယားကို တိုက်ခိုက်သည်။ ဂျာမန်နှင့် ဩစတြီးယားတပ်များကလည်း ကူညီသဖြင့် ၁၉၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဆားဗီးယားတစ်ပြည်လုံးကိုပင် ရန်သူ့လက်သို့ ကျရောက်သွားသည်။ မဟာမိတ်တို့ဘက်မှ ဆားဗီးယားကို ကူညီရန် ဆယ်လိုနီးကားမြို့သို့ သန်းဝက်မျှရှိသော တပ်များကို ၁၉၁၅ ခု အောက်တိုဘာလတွင် ပို့ခဲ့သည်။ ဆားဗီးယားတပ်ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုတပ်များသည် မည်သို့မျှ အရာရောက်အောင် မစွမ်းဆောင်နိုင်ပဲ ဆယ်လိုနီးကားတွင်သာ သောင်တင်နေကြသည်။ မဟာမိတ်တို့လည်း မိမိတို့၏ ဂုဏ်သရေကို ထိခိုက်မည်စိုးသောကြောင့် ထိုတပ်များပြန်၍ မဆုတ်ခိုင်းသဖြင့် ၁၉၁၈ ခုနှစ်တိုင်အောင် ထိုတပ်များမှာ ထိုမြို့တွင်ပင် နေခဲ့ကြသည်။

၁၉၁၆ ခုနှစ်အတွင်း စစ်အခြေအနေ
ထိုနှစ် ဩဂုတ်လအတွင်း ရူမေနီးယားနိုင်ငံသည် မဟာမိတ်တို့ဘက်မှ စစ်ထဲဝင်လာလေသည်။ ရူမေနီးယားသည် ဟန်ဂေရီနိုင်ငံ လက်အောက်သို့ ကျရောက်ခဲ့သော ရူမေနီးယန်း အမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် စစ်ထဲဝင်လာခြင်း ဖြစ်သည်။ ရူမေနီးယားသည် ဟန်ဂေရီနိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရာ ဂျာမနီနှင့် ဘူလ်ဂေးရီးယားတပ်များက ပြန်လှန်တိုက်ခိုက်သဖြင့် အရေးနိမ့်ခဲ့ရသည့်ပြင် ရူမေနီးယားနိုင်ငံ၏ တစ်ဝက်မျှရှိသော အဖိုးတန် ရေနံနှင့် ဂျုံစပါးထွက် ဒေသများမှာ ရန်သူ့လက်တွင်း ကျရောက်ခဲ့သည်။

၁၉၁၅ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီသည် ဩစတြီးယားပိုင် နယ်မြေအချို့ ရမည်ဟူသော လျှို့ဝှက်ကတိကြောင့် ယခင်က ဂျာမနီနှင့် သုံးနိုင်ငံ ချစ်ကြည်ရေး စာချုပ်ကို ဖောက်ဖျက်ပြီးလျှင် မဟာမိတ်တို့ဘက်မှ စစ်ထဲသို့ ဝင်လာလေသည်။ ထိုနှစ်အတွင်း၌ အီတလီစစ်မျက်နှာတွင် ကြီးကျယ်လှသော တိုက်ပွဲကြီးများ မရှိခဲ့ပေ။ ၁၉၁၆ ခုနှစ် ဩဂုတ်လအတွင်း၌ကား အီတလီသည် ဩစတြီးယားနိုင်ငံကို ထိုးစစ်ဆင်ခဲ့ရာ အရေးအပါဆုံးသော အောင်မြင်မှုမှာ ဂိုးရီးဇီးယားကို သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ ဆောင်းရာသီ မကျမီလေးတွင် အီတလီသည် အေဒြီယက်တစ်ပင်လယ် သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သော ထရီးယက်မြို့ကို သိမ်းပိုက်တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။

ထိုနှစ်အတွင်း အရေးအပါဆုံး တိုက်ပွဲမှာ အနောက်ဘက် စစ်မျက်နှာမှ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဂျာမန်တို့ဘက်မှ အိမ်ရှေ့ဥပရာဇာ ကိုယ်တိုင်ကွပ်ကဲ တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ မကုန်မီမှ စက်တင်ဘာလဆန်းခန့်အထိ ၆ လ ခန့် တိုက်ခိုက်ခဲ့သည်တွင် ရှေ့သို့ ၄ မိုင်ခန့်မျှသာ တိုးတက်နိုင်သဖြင့် ဗာဒန်ခံတပ်မြို့ သိမ်းပိုက်ရေးကို ဂျာမန်တို့ လက်လျှော့လိုက်ရသည်။ ယင်းသို့ ရှိနေစဉ် မဟာမိတ်တို့သည် မြောက်ဘက်ရှိ ဆုမ်းမြစ်တစ်လျှောက်တွင် အကြီးအကျယ် ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သည်။ ထိုအချိန်လောက်တွင် မဟာမိတ်တို့၏ အမြောက်လက်နက်များမှာ အထူးတိုးတက် ကောင်းမွန်လာပြီဖြစ်ရာ သံမဏိ၊ အင်္ဂတေတို့ဖြင့် ခိုင်ခံ့လှသည့် မိုင်ပေါင်းများစွာ ရှည်လျားသော ဂျာမန်ကတုတ်ကျင်းများကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် ထိုနှစ်တွင် မဟာမိတ်တို့သည် တင့်ကားများကို စတင်သုံးခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတိုင်အောင် မဟာမိတ်တို့သည် ဖိ၍တိုက်လာခဲ့ရာ ဂျာမန်တို့သည် ကြံ့ကြံ့ခံရင်း နောက်သို့ တဖြည်းဖြည်း ဆုတ်ပေးခဲ့ရသည်။

အရှေ့ဘက် စစ်မျက်နှာတွင် ဆောင်းရာသီအတွင်း၌ ရုရှားသည် အားဖြည့်နိုင်ခဲ့၍ ဇွန်လလောက်တွင် အရှေ့ဘက်စစ်ကြောင်း တောင်ဘက်စွန်းမှ ထိုးစစ်ဆင်ကာ ဩစတြီးယားတပ်များကို ကာပေသီယန် တောင်တန်းများသို့ တိုက်ထုတ်နိုင်ခဲ့သည်။

၁၉၁၆ ခုနှစ်အတွင်း အိုင်ယာလန်ပြည်၌ သူပုန်ထလေရာ မဟာမိတ်တို့၏ စစ်ဆင်မှုတွင် အတန်ပင် ထိခိုက်ဖို့ အကြောင်း ပေါ်ပေါက်ခဲ့သည်။ ထိုမှတပါး ဗြိတိသျှ အစိုးရ၏ အရေးပါသော ရာထူးများကို ထမ်းရွက်ခဲ့သူ ဆာရော်ဂျာကေ့စမင်သည် ဂျာမန်လက်နက်များကို အိုင်ယာလန်ပြည်တွင်းသို့ ခိုးသွင်းကာ ပုန်ကန်ရန် ကြံစည်ခဲ့သဖြင့် အပေါင်းအပါ အခြားခေါင်းဆောင် ၆ ဦးတို့နှင့်အတူ စစ်ဆေး၍ အဆုံးစီရင်လိုက်သည်။

ထိုနှစ်အတွင်း ဂရိနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကို မဟာမိတ်တို့ဘက်မှ လည်းကောင်း ဗဟိုနိုင်ငံများဘက်မှ လည်းကောင်း စောင့်ကြည့်ခဲ့သည်။ ဂရိနိုင်ငံသည် ဆားဗီးယားအား ရန်သူတို့ ထိပါးလာလျှင် ကူညီတိုက်ခိုက်ပေးရန် သဘောတူညီချက်များ ရှိခဲ့သည်။ သို့သော် ဂရိဘုရင်မှာ ဂျာမန်ကိုင်ဇာဘုရင်၏ ယောက်ဖတော် ဖြစ်သဖြင့် ထိုစစ်ထဲတွင် မပါဝင်ပဲ ကြားနေမည့်ယောင်ယောင် ပြုနေခဲ့သည်။ ဂရိမျိုးချစ်များကား ဆားဗီးယားကို ကတိထားချက်အတိုင်း ကူညီလိုကြသည်။ ထိုကြောင့် မဟာမိတ်များ ဘူလ်ဂေးရီးယားကို တိုက်ခိုက်သောအခါ ဂရိမျိုးချစ်တပ်များသည် မဟာမိတ်တို့ဘက်မှ ကူညီတိုက်ခိုက်ခဲ့သည်။ ထိုသို့ ဂရိနိုင်ငံ၏ သဘောထား မပြတ်မသား ရှိနေခဲ့သဖြင့် မဟာမိတ်တို့က ဂရိနိုင်ငံကို စိတ်ချရအောင် ကြိုတင်၍ ရေကြောင်းမှ ပိတ်ဆို့ထားသည်။

ထို့အပြင် အာမေးနီးယားပြည်နယ်ဖက်တွင် နစ်ကလပ် မင်းသားကြီး ကွပ်ကဲသော ရုရှားတပ်များသည် အတန်ပင် အရေးသာခဲ့သည်။ တူရကီနိုင်ငံသည် စူးအက်တူးမြောင်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း ဗြိတိသျှတပ်များက တွန်းလှန်လိုက်သဖြင့် မအောင်မြင်ခဲ့ချေ။

၁၉၁၇ ခုနှစ်အတွင်း စစ်အခြေအနေ
ထိုနှစ်တွင် အနောက်ဘက် စစ်မျက်နှာ၌ မဟာမိတ်တို့သည် စစ်အောင်နိုင်မည့် မျှော်လင့်ချက်ကလေးများပင် ထားရှိလာနိုင်လေသည်။ ထိုနှစ်အတွင်း အရေးပါသော တိုက်ပွဲများ ပြင်သစ်နိုင်ငံအရှေ့မြောက်ဘက်နှင့် ဗဲလ်ဂျီယံနိုင်ငံများတွင် ဖြစ်ပွားခဲ့သည်။ ထိုဒေသများတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဗဲလ်ဂျီယမ်နှင့် ကနေဒီယန်တပ်များ ပူးပေါင်း၍ ဂျာမန်တပ်များ စိတ်ဓာတ် ပျက်ပြားအောင်ပင် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ထိုနှစ်ဇွန်လတွင်း မကြုံစဖူး ထူးကဲလှစွာ အပြင်းအထန်တိုက်ခိုက်ခဲ့လေရာ ရက်အနည်းငယ်အတွင်း ဂျာမန်တပ်များလေးမိုင်ခန့်မျှ နောက်သို့ ဆုတ်ပေးရလေသည်။ တောင်ဘက်တွင်လည်း ဂျာမန်တို့၏ ကျောက်မီးသွေးထွက်ရာ အဖိုးတန်မြို့ကြီးတစ်မြို့ဖြစ်သော လင်းမြို့ဘက်သို့ ကနေဒီယန်တပ်များက ရှေ့ဆောင်ချီတက်တိုက်ခိုက်ခဲ့သဖြင့် ဂျာမန်တို့ တဖြည်းဖြည်း ဆုတ်ပေးရပြန်သည်။ ထိုနှစ် နိုဝင်ဘာလလောက်တွင် မဟာမိတ်တို့သည် ဂျာမန်တို့သိမ်းပိုက်ထားသော ပြင်သစ်မြို့ဖြစ်သော ကမ်းဗရေးကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လေသည်။ ထိုအခါ ဗာဗေးရီးယားပြည်၏ ဥပရာဇာမင်းသား ခေါင်းဆောင်သော ဂျာမန်တပ်များမှာ ၅မိုင်ခန့် ဆုတ်ပေးခဲ့ရသည်။သို့သော် ဂျာမန်တပ်များက တန်ပြန်ထိုးစစ်ဆင်သောအခါ မဟာမိတ်တပ်များ သိမ်းပိုက်ရရှိသမျှ နယ်မြေများ ပြန်လည်၍ ဆုံးရှုံးရပြန်သည်။ ထိုနှစ်မတ်လ ၁၁ ရက်နေ့တွင် ရုရှားပြည်၌ တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့သည်။ နောက်လေးလခန့်အကြာတွင် ဇာဘုရင်မှာ နန်းတော်ကို စွန့်လိုက်ရပြီးနောက် သမ္မတနိုင်ငံအဖြစ်ကျေညာခဲ့ရာ စစ်ပြေငြိမ်းရန် ကြံရွယ်နေသော ဇာဘုရင်ကြောင့် စိတ်ပျက်အားလျော့နေရသော မဟာမိတ်တို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်။ သို့သော်လည်း ရုရှားနိုင်ငံမှာ စစ်ကို ဆက်လက်တိုက်ခိုက်ရန် အခြေအနေမျိုး မရှိတော့ချေ။ တပ်တွင်း စည်းကမ်းများ ပျက်ပြားကာ တပ်ပြေးအရေအတွက်မှာလည်း များသည်ထက် များပြားလာသည့်အပြင် နေရာတိုင်းတွင် အရှုံးကြီးရှုံးနေခဲ့သည်။ ထိုအတွင်း လူအချင်းချင်း အရှင်းရှင် နယ်ချဲ့စစ်ပွဲတွင် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်နေရန် မသင့်ကြောင်း ကြွေးကြော်သံ ပေါ်ပေါက်လာခဲ့ပြီးနောက် ထိုနှစ် နိုဝင်ဘာလတွင် ဗော်လရှီဗစ်တို့သည် အုပ်ချုပ်ရေးအာဏာကို သိမ်းပိုက်ခဲ့လေသည်။ ဗော်လရှီဗစ် အစိုးရသည် ဒီဇင်ဘာလထဲတွင် ဂျာမန်တို့နှင့် စစ်ပြေငြိမ်းရန် ကြိုးပမ်းခဲ့ရာ ၁၉၁၈ ခု မတ်လထဲတွင် ဗရက် စ-လီတော့ စာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ထို့ကြောင့် ဂျာမန်တို့သည် အရှေ့ဘက်စစ်မျက်နှာမှ စစ်သား ထောင်ပေါင်းများစွာကို အနောက်ဘက်စစ်မျက်နှာသို့ ရွှေ့ပြောင်းနိုင်ခဲ့သော ပြင်သစ်နှင့် အင်္ဂလိပ်တို့အား ယခင်ကထက်ပိုမို ဖိတိုက်နိုင်ခဲ့သည်။ အီတာလျံစစ်မျက်နှာတွင် အီတလီတို့သည် မူလကြံရွယ်ချက်အတိုင်း ထရီးယက်မြို့ဆီသို့ တဖြည်းဖြည်းချီတက်ခဲ့ရာ မြို့နှင့် ဆယ်မိုင်ခန့်အကွာနေရာသို့ပင် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း မကြာမီ ဂျာမန်စစ်ကူများ ရောက်ရှိလာ၍ ဩစတြီးယားစစ်တပ်များနှင့် ပူးပေါင်းကာ အောက်တိုဘာလကုန်လောက်၌ ကားပိုရပ်တိုတွင် အီတာလျံတပ်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရာ အီတာလျံတို့ တပ်ပျက်ကာ ဆုတ်ခွာခဲ့ရသည်။ ပီယားဗေမြစ်သို့ ရောက်မှ ဂျာမန်တို့၏ ချီတက်မှုကို တန့်အောင် ပြုလုပ်နိုင်ပေတော့သည်။ ထိုသို့ တန့်အောင် ခံနိုင်ခဲ့သည်မှာလည်း မဟာမိတ်များသည် အီတာလျံတို့အား ကူညီရန် ထိုနှစ် ဒီဇင်ဘာမတိုင်မီ အနောက်ဘက်စစ်မျက်နှာမှ စစ်ကူတပ်များပို့ပေးသောကြောင့် ဖြစ်လေသည်။

ထိုနှစ်အတွင်း ဂရိနိုင်ငံ၏ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ဖြစ်လာခဲ့သည်။ ဂရိဘုရင် ကွန်စတန်တင်းသည် ဇွန် ၂ရက်နေ့တွင် နန်းမှ ဆင်းသက်ကာ မဟာမိတ်တို့အား လိုလားသူ ဒုတိယသားတော် အလက်ဇန္ဒားအား နန်းအပ်ခဲ့ရလေသည်။ အလက်ဇန္ဒားသည် ဂရိမျိုးချစ်တပ်များကို ခေါင်းဆောင်ခဲ့သူ ဗဲနီဇေလော့ကို ဝန်ကြီးချုပ်အဖြစ် ခန့်ထား၍ မဟာမိတ်တို့ဖက်မှ ကူညီတိုက်ခိုက်လေသည်။ ၁၉၁၇ ခုနှစ်စလောက်အထိ အမေရိကန်ပြည်ထောင်စုနိုင်ငံသည် စစ်ထဲမဝင်ပါသေးဘဲ နှစ်ဦးနှစ်ဖက်စလုံး လက်နက်များ ရောင်းချကာ ကြားနေခဲ့သည်။ ရေတပ်အင်အားတွင် ဗြိတိသျှတို့က သာသဖြင့် ရေကြောင်းဖြင့် သယ်ယူသော အမေရိကန် လက်နက်ပစ္စည်းများမှာ မဟာမိတ်တို့ဖက်သာ အရောက်များခဲ့လေရာ ဂျာမန်တို့အဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံမှာ မဟာမိတ်တို့၏ လက်နက်သိုလှောင်ရာ ဌာနကြီး ဖြစ်နေပေသည်။ သို့ဖြစ်၍ ဂျာမန်တို့သည် မဟာမိတ်ထံ ပေးပို့သော အမေရိကန် လက်နက်တင် သင်္ဘောများကို ရေငုပ်သင်္ဘောများဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ရာ အမေရိကန် သင်္ဘောများနှင့် လူအမြောက်အများပင် ဂျာမန်ရေငုပ်သင်္ဘောများ၏ လက်ချက်ကြောင့် နစ်မြုပ်သေကြေပျက်စီးကြလေသည်။ ထို့အပြင် မက္ကဆီကိုနိုင်ငံအားယင်းဆုံရှုံးခဲ့သော နယ်ပယ်တို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဂျာမနီက ငွေကြေးထောက်ပံ့ရန် ကြံစည်နေသောကြောင့် အမေရိကန်ပြည်ထောင်စုသည် ၁၉၁၇ ခု ဧပြီလ ၆ ရက်နေ့တွင် ဂျာမနီနိုင်ငံကို စစ်ကြေညာခဲ့၏။သို့သော် အမေရိကန်မှာ စစ်တိုက်ရန် အစီအစဉ်ကျစွာ မရှိသေးသဖြင့် ၁၉၁၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် အမေရိကန်စစ်တပ်စုသည် ပြင်သစ်နိုင်ငံသို့ ပထမဆုံးအကြိမ် ပို့နိုင်ခဲ့လေသည်။ ထိုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ၁၅ ဆက်မြောက် ဗဲနီးဒစ်သည် စစ်ပြငြိမ်းရန် ကြိုးစားဖြန်ဖြေခဲ့သေးသည်။ သို့သော် မဟာမိတ်တို့ဖက်မှ စစ်ပြေငြိမ်းရန် မလိုလားသဖြင့် ကြိုးပမ်းချက်မှာ မအောင်မြင်ခဲ့ချေ။

၁၉၁၈ ခုနှစ် စစ်အတွင်း အခြေအနေ
ထိုနှစ်၌ ဂျာမန်တို့သည် မဟာမိတ်တို့ကို အပြုတ်တိုက်ရန် အကြီးအကျယ် စစ်ဆင်နေခဲ့သော နှစ်ဖြစ်သည်။ စစ်သူကြီး ဟင်ဒင်ဗတ်က ဂျာမန်တပ်များသည် ဧပြီလ တစ်ရက်နေ့တွင် ပါရီမြို့ကို သိမ်းပိုက်နိုင်ရမည်ဟု ကျေညာခဲ့လေသည်။ ဂျာမန်တို့၏ ထိုးစစ်ကြောင်းမှာ အီးပရား၏ တောင်ဘက် မှ စတင်၍ ငါးဆယ့်တစ်မိုင်မျှ ရျည်လျှားလေသည်။ ထိုမျှလောက် ကြီးမားလှသော အင်အားနှင့် ဖိတိုက်သဖြင့် ထိုမျှလောက် လူအသေအကြေများလှသော စစ်ပွဲမျိုး ယခင်က မရှိခဲ့ဟုဆိုကြသည်။ ဂျာမန်တို့၏ အင်အားကြီးမားလှသဖြင့် ဆယ်ရက်ခန့်အတွင်း နှစ်ဆယ့်ခုနှစ်မိုင်မျှ မဟာမိတ်တို့၏ စစ်ကြောင်းအတွင်းသို့ ကျွံဝင်ခဲ့၏။ ထိုအခါ မဟာမိတ်တပ်များအားလုံးကို ကွပ်ကဲရန် ပြင်သစ် ဗိုလ်ချုပ်မှူး ဖေါ့အား အနောက်ဘက်စစ်မျက်နှာ စစ်သေနာပတိအဖြစ်ခန့်ကာ အစွမ်းကုန် ခုခံ တွန်းလှန်စေလေသည်။ သို့သော်လည်း ရန်သူအင်အား ကြီးမားလှ၍ တပ်ပေါင်းစုံမှ ဆုတ်၍ ဆုတ်၍သာ ပေးရလေ၏။ ဂျာမန်တို့ကလည်း ပါရီမြို့တော်သို့ ချီတက်ရန် လမ်းပွင့်ဖို့ ကြိုးပမ်းကာ ဖိတိုက်ကြလေသည်။ ယင်းသို့ဖြင့် ဂျာမန်တို့မှာ ပါရီမြို့အနီး ကပ်လာလေရာ မြို့တော်ကြီးကျဆုံးရန် နာရီပိုင်မျှလောက်သာ လိုတော့သည်။ ထိုအတောအတွင်း အမေရိကန်ရေတပ်မှ တပ်သားရှစ်ထောင်ပါဝင်သော တပ်တစ်တပ်သည် ခြောက်ထောင်မျှ အကျခံကာ ဂျာမန်တို့ ပါရီသို့ ချီတက်ရာ လမ်းကြောင်းကို တာဆီးနိုင်ရန် ကြိုးစားခဲ့ရာ အတန်ပင် အောင်မြင်ခဲ့လေသည်။ ထို့အပြင် ရှားတိုးသီယဲရီးတွင် စစ်ပန်းနေပြီ ဖြစ်သော ပြင်သစ်တပ်ကို လူစားထိုးရန် ရောက်ရှိလာခဲ့သည့် အမေရိကန်တပ်သည် ဂျာမန်တို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသည့်ကြားမှ ထိုးစစ်ဆင်ကာ ထိုအရပ်မှ ဂျာမန်များကို ရှင်းလင်းပစ်နိုင်ခဲ့လေသည်။ ထို့ကြောင့် ဂျာမန်တို့လည်း ထိုးစစ်မှ ခံစစ်အဖြစ်သို့ ပြောင်းလဲသွားရပြီးလျှင် ပါရီမြို့တော်ကြီးမှာလည်း ရန်သူလက်ထံ ကျရောက်မည့်ဘေးမှ ကင်းလွတ်ခဲ့လေသည်။

အမေရိကန် စစ်ကူတပ်များ အဆက်မပြတ် တင်ပို့ အားဖြည့်နိုင်ခြင်းကြောင့်၊ ဗိုလ်ချုပ်မှူး ဖေါ့မှာ ရန်သူတပ်များကို အင်အားတောင့်တင်းစွာနှင့် တိုက်ခိုက်နိုင်လေသည်။ စစ်ပန်းလာပြီဖြစ်သော ဂျာမန်တပ်များမှာ အင်အားပြည့် လန်းဆန်းနေသော အမေရိကန်တို့နှင့် ယှဉ်ရသည့်အခါတိုင်းလိလိပင် နောက်ဆုတ်ပေးခဲ့ရလေသည်။ မြောက်ဘက်တွင်လည်း မဟာမိတ်တပ်များသည် မြောက်ပင်လယ်အနီးမှ ဖိတိုက်ခဲ့လေရာ ဗယ်လဂျီယမ်နိုင်ငံမှ မြို့များကို ပြန်လည် သိမ်းပိုင်နိုင်ခဲ့၍ ဂျာမန်တပ်များကိုလည်း အတန်ပင် ရှင်းလင်းတိုက်ထုတ်ပစ်နိုင်ခဲ့ကြသည်။ ၁၉၁၈ ခု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဂျာမန်တို့၏ ရေငုပ်သင်္ဘောစခန်းဖြစ်သော ဇေးဗရွတ်ဂီမြို့မှ ဂျာမန်များကို တိုက်ထုတ်ပစ်ကာ ထိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ ထိုအတောအတွင်း အနောက်ဘက်စစ်ကြောင်းတစ်လျှောက်တွင်လည်း ဂျာမန်တို့ကို တောင်ဘက်သို့လည်းကောင်း၊ အရှေ့ဘက်သို့လည်းကောင်း ရောက်အောင် တဖြည်းဖြည်း ဖိ၍ တိုက်ထုတ်နိုင်ခဲ့လေသည်။ တောင်ဘက်မှ ဖိ၍တိုက်လာသည့် အမေရိကန်တပ်များ၏ ဒဏ်ကို မခံနိုင်သော ဂျာမန်တပ်များသည် ဇူလိုင်လမှ စ၍ တဆုတ်တည်း ဆုတ်ခဲ့လေရာ နောက်ဆုံး ပြင်သစ်မြေ၌ မိုးဗန်းခံတပ်တစ်ခုသာလျှင် ခြေကုပ်အဖြစ် ကျန်လေတော့သည်။ ထိုအတောအတွင်း ဂျာမန်၏ ဘက်တော်သားများမှာလည်း ရှုံး၍သာ နေကြလေသည်။ ၁၉၁၈ ခုစက်တင်ဘာလ ၁၅ ရက်နေ့တွင် ဆယ်လိုနီးကား၌ သောင်တင်နေသော မဟာမိတ်တပ်များသည် ထိုးစစ်ဆင်ကာ ရှေ့သို့ ချီတက်ခဲ့၏။ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဆားဗီးယားနိုင်ငံတောင်ပိုင်း တစ်ခုလုံးလိုလိုပင် ပြန်လည်သိမ်းယူခဲ့ကြသည်။ သို့ဖြစ်၍ နိုင်ငံတွင်းချီတက်တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်သည်နှင့် ဗူလဂေးရီးယားသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် လက်နက်ချလိုက်လေသည်။ ထို့နောက် မြောက်ဘက်သို့ ဆက်လက် ချီတက်ခဲ့ရာ ဆက်လက်၍ အောင်ပွဲရခဲ့လေသည်။ ဩစတြီးယန်းတပ်များလည်း အယ်လဗေးနီးယားနှင့် မွန်တီးနီးဂရိုးပြည်များမှ ဆုတ်ပေးရလေသည်။ တစ်လခွဲခန့်အတွင်း ဆားဗီးယားမှ ဩစတြီးယန်း တပ်များကို မောင်းထုတ်နိုင်ခဲ့ပြီးနောက် ဗဲလရိတ်မြို့ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။

ထိုထိုးစစ်နှင့် တစ်ပြိုင်တည်းလိုလိုပင် ပါလက်စတိုင်းချီ အယ်လင်ဗီ၏ တပ်သည် အေမာဖေးဆယ်ခေါင်းဆောင်သော အာရပ်တစ်စုနှင့် ကာနယ်တီအီ လော့ရင့်တို့၏ အကူအညီဖြင့် ထိုးစစ်ဆင်ခဲ့ရာ တူရကီတို့သည် မခံနိုင်၍ ဒမက်စကပ်၊ ဧက၊ ဗေးရွတ်နှင့် အလက်ပို စသော မြို့များကို သိမ်းပိုက်ရရှိခဲ့သည်။ ၁၉၁၈ အောက်တိုဘာလ ၃၁ ရက်နေ့တွင် တူရကီ လက်နက်ချလေသည်။ ထိုနှစ် အောက်တိုဘာလထဲတွင် ပီယားဗေးမြစ်ကို ဖြတ်၍ ချီတက်ခဲ့သော အီတလီတပ်တို့သည် ဩစတြီးယန်းတပ်များကို နှစ်ခုကွဲအောင် တိုက်ခဲ့လေရာ တပ်ပျက်ပြီးနောက် ၁၀ ရက်ခန့်အတွင်း တပ်သား သုံးသိန်းကျော်မျှ လက်နက်ချခဲ့လေသည်။သို့ဖြစ်၍ ဩစတြီးယန်းတပ်များ၏ ဗိုလ်ချုပ်က စစ်ရက်စဲရန် တောင်းပန်ခဲ့ရ၏။ ထိုသို့ တပ်ပျက်ခဲ့သည့်နှင့် ဩစတြီးယားအစိုးရအဖွဲ့လည်းပျက်ခဲ့လေသည်။ ဩစတြီးယားနိုင်ငံ တော်အတွင်းရှိ ဗိုဟီးမီးယားပြည်နယ်နှင့် အခြားပြည်နယ် အသီးသီးတို့သည် တောလှန်ပုန်ကန်ကာ လွတ်လပ်ရေးကို ကျေညာခဲ့ကြသည်။ သို့ဖြစ်၍ ဂျာမနီ တစ်ဦးတည်းသာ ကျန်လေနေတော့သည်။

၁၉၁၈ ခု နိုဝင်ဘာလ ၃ ရက်နေ့တွင် ကီးရေတပ်စခန်းရှိ ဂျာမန်ရေတပ် ပုန်ကန်ရာ မကြာမီ ဗရီးမင်းနှင့် ဟမ်းဗတ်ရေတပ်များသို့ ကူးစက်သွားလေသည်။ စစ်တပ်အခြေအနေမှာလည်း မျှော်လင့်စရာ မရှိအောင် ဆိုးရွားနေသည်ကို သိရှိသော ဂျာမန်အစိုးရသည် အောက်တိုဘာလထဲကပင် စစ်ပြေငြိမ်းရန် ဂျာမန် ဝန်ကြီးချုပ် မင်းသားကြီး မက္ကဆီမီလျံက စကားကမ်းလှန်းခဲ့လေသည်။ ထို့ပြင် သူ့အစိုးရအဖွဲ့တွင် ဆိုရှယ်လစ်များကိုလည်း ပါဝင်စေခဲ့ရာ ရက်များမကြာမီ အစိုးရ အဖွဲ့ကို သူတို့ကြိုးကိုင်ပြီးလျှင် အမေရိကန် သမ္မတ ဝီလဆန်ထံ စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းခဲ့လေသည်။ သို့သော် ဝီလဆန်က မဟာမိတ် တပ်ပေါင်းစုံ စစ်သေနာပတိ မာရှယ်ဖေါ့နှင့် ဆွေးနွေးရန် ညွှန်ကြားခဲ့၏။ထိုအတောအတွင်း ကိုင်ဇာ ဘုရင်သည် ဘာလင်မြို့မှ ထွက်ခွာပြီးနောက် သူ၏စစ်တပ်များရှိရာ သွားရောက်နေထိုင်ခဲ့လေသည်။ သို့သော် ဝန်ကြီးချုပ်က ကိုင်ဇာအား နန်းစွန့်ရန် တောင်းဆိုခဲ့ရာ ဟင်ဒင်ဗတ်ကလည်း သဘောတူခဲ့သဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နန်းစွန့်ပြီးလျှင် ဟောလန်နိုင်ငံသို့ ထွက်ပြေးရလေသည်။ ဂျာမန်တို့လည်း သမ္မတ ဝီလဆန် ညွှန်ကြားသည့်အတိုင်း ဖာရှယ်ဖေါ့ထံတွင် စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းခဲ့ရာတွင် မဟာမိတ်တို့အချင်းချင်း ဆွေးနွေးပြီးနောက် စစ်ရပ်စဲရေး စည်းကမ်းချက်များကို ရေးဆွဲခဲ့၏။ ထိုစည်းကမ်းချက်များကို မာရှယ်ဖေါ့က ကွန်းပျင်း သစ်တောအတွင်း ရပ်တန့်ထားသော မီးရထားတွဲပေါ်တွင် နိုဝင်ဘာလ ၁၁ ရက် မိုးသောက်ယံအချိန်၌ ဂျာမန်အစိုးရ ကိုယ်စားလှယ်များအား ပေးအပ်လေသည်။ ယင်းတို့ကို ဂျာမန်တို့က လက်ခံလိုက်သဖြင့် ၆ နာရီအကြာ နံနက် ၁၁ နာရီတွင် အပစ်အခက် ရပ်စဲသွားလေသည်။ ထိုနေ့ထိုအချိန်ကို နောင်လာနောက်သားများသည် တော်တော်နှင့်ပင် မေ့နိုင်တော့မည် မဟုတ်ချေ။



Post a Comment

0 Comments