မသိဘူးေ မအေးသောင်းပြောတာပဲနားထောင်မယ်....
ဗီယက်နမ်နဲ့ ပွဲမှာ အားလုံးကို မအေးသောင်းက ခုလိုတိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာလ ၂၀ရက်နေ့ မှာကစားကြတော့မယ့် မြန်မာနဲ့ဗီယက်နမ်ပွဲကတော့ အစဉ်အလာအရရော ပြိုင်ပွဲလက်ရှိအနေအထားအရပါ အင်မတန်မှ အကြိတ်အနယ်ရှိလာမှာအမှန်ပါပဲ။ လက်ရှိမှာ နှစ်သင်းစလုံးက ရမှတ်တူနေပေမယ့် မြန်မာအသင်းကတော့ ဂိုးကွားခြားချက်ကြောင့် ပထနေရာမှာဦးဆောင်ထားနိုင်နေပေမယ့် လက်ကျန်နှစ်ပွဲလုံးက တကယ့်ကိုခက်ခဲမယ့် အနေအထားမှာရှိနေပါတယ် ။ ဒါကြောင့် အိမ်ရှင်အဖြစ်ရှင်ပြိုင်ကစားရမယ့် ဒီပွဲကို အနည်းဆုံး သရေရလဒ်ထွက်ပေါ်အောင်ကစားနိုင်မှသာ မြန်မာအသင်းအသက်ရှူချောင်နိုင်မှာပါ ။ တဖက်က ဗီယက်နမ်အသင်းကလည်း အုပ်စုအတွင်း အင်အားအကောင်းဆုံးအသင်းဖြစ်တာကြောင့် ဘယ်လိုရလဒ်မျိုးထွက်ပေါ်မလဲဆိုတာ မသိနိုင်ပါဘူး ။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ ဘယ်လိုရလဒ်မျိုးပဲထွက်ပေါ်လာပါစေ ပရိသတ်များက စည်းကမ်းရှိရှိလေးအားပေးကြဖို့ ပြည်သူ့ အချစ်တော် မအေးသောင်းက ယခုလိုပဲ တိုက်တွန်းလိုက်ပါတယ်။
0 Comments