ဘဏ္စာအုပ္ထဲမွာ ပိုက္ဆံ ၅ ေပါင္ သာရွိေတာ့တဲ့ ဒင္ညဳိ

ေဘာလံုး ကစား သမား ဘ၀ ေန၀င္ အၿပီး မွာ ေတာ့ ဘရာဇီး စတား ေရာ္နယ္ဒင္ညဳိ တစ္ ေယာက္ အခက္ အခဲ အက်ပ္ အတည္း ေတြ နဲ႔ ရင္ဆုိင္ ေနရၿပီ ျဖစ္ ပါတယ္ ။ သူ႔ရဲ႕ ေငြ စု ဘဏ္ စာရင္း ထဲ မွာ ၅ ေပါင္ သာ က်န္ရွိ ေတာ့ ၿပီး ေပးဆပ္ ဖို႔ တင္ရွိ ေနတဲ့ အေၾကြး ပမာဏ က ေပါင္ ၁.၇၅ သန္း အထိ ေတာင္ ရွိ ေနတယ္ လို႔ သိရ ပါတယ္ ။
ဒါေၾကာင့္ ဘရာဇီး ႏုိင္ငံ တရားရံုး က ဒင္ညဳိ ရဲ႕ ပတ္စ္ပို႔ ကို သိမ္းဆည္း ထားဖုိ႔ ညႊန္ၾကား လုိက္ၿပီး တရား ရင္ဆုင္ ရေတာ့ မယ္ လို႔ သိရ ပါတယ္ ။ စပိန္ အေျခ စိုက္ သတင္းဌာန Marca ရဲ႕ ေဖာ္ျပ ခ်က္ မွာ ေတာ့ တာ၀န္ ရွိ သူေတြ ဟာ ဒင္ညဳိ ရဲ႕ ဘဏ္စာရင္း ကို စစ္ေဆး ခဲ့ၿပီး ေပါင္ ၅.၂၄ ေဒၚလာ ( ျမန္မာ ေငြ ၁၀၈၇၉ က်ပ္ ) သာ ရွိ ေတာ့တယ္ လို႔ သိရ ပါတယ္ ။
ဒင္ညဳိ နဲ႔ သူ႔ရဲ႕ အကို ျဖစ္သူ ေရာ္ဘတ္တို အဆစ္ တို႔ ဟာ တရား၀င္ ခြင့္ျပဳခ်က္ မရရွိ ဘဲ ေဆာက္လုပ္ ခြင့္ မရွိ တဲ့ ေနရာ မွာ အေဆာက္ အဦး တည္ေဆာက္ မႈ အတြက္ ဥပေဒ အရ ဒဏ္ေငြ ခ်မွတ္ ခံ ထား ရ သူေတြ ျဖစ္ ပါတယ္ ။
အဆုိပါ ဒဏ္ေငြ ကို ေပးေဆာင္ ဖို႔ ဒင္ညဳိ ဟာ ေငြေခ်း ခဲ့ ရၿပီး အတုိးႏႈန္း ျမင့္မား တာ ေၾကာင့္ ျပန္ဆပ္ ဖုိ႔ အခက္ အခဲ ျဖစ္ခဲ့ ရတယ္လို႔ သိရ ပါတယ္ ။ ဒင္ဟို ဟာ ၿပီးခဲ့တဲ့ အပတ္ ေတြ မွာ တရုတ္ ၊ ဂ်ပန္ တုိ႔ ကို သြားေရာက္ ၿပီး ေၾကာ္ျငာ ဆုိင္ရာ စီးပြားေရး အလုပ္ေတြ ကို လုိက္လံ လုပ္ေဆာင္ ခဲ့ၿပီး အေၾကြး ေတြ ကို ေခ်ပ ဖို႔ ရုန္းကန္ ခဲ့ ရ ပါတယ္ ။
ဒါေပမယ့္ ယခု အခ်ိန္ မွာေတာ့ သူ႔ရဲ႕ ပုိင္ဆုိင္မႈ ကင္းမဲ့လု နီးပါး အေန အထား ေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ ျခင္း မျဖစ္ရ ေအာင္ ပတ္စ္ပို႔ ကို ထိန္းသိမ္း လုိက္ၿပီ ျဖစ္ တယ္ လို႔ သိရ ပါတယ္ ။
ေရာ္နယ္ဒင္ညဳိ ဟာ ဘရာဇီး နဲ႔ ဘာစီလုိနာ အသင္း ေတြ မွာ ထြန္း ေတာက္ ခဲ့ တဲ့ ေဘာလံုး သမား တစ္ဦး ျဖစ္ ၿပီး သမိုင္း တစ္ေလ်ာက္ ေဖ်ာ္ေျဖမႈ စြမ္းရည္ အျပည့္၀ ဆံုး ေဘာလံုး သမား ေတြ ထဲ က တစ္ဦး အျဖစ္ သတ္မွတ္ ျခင္း ခံ ထားရသူ လည္း ျဖစ္ ပါတယ္ ။
ဒင္ညဳိ ဟာ ဘရာဇီး အသင္း နဲ႔ ၂၀၀၂ ကမၻာ့ ဖလား ကို ရယူ ခဲ့ ဖူး သလို ဘာစီလုိနာ အသင္း နဲ႔ လည္း ခ်န္ ပီယံ လိဂ္ ဖလား ၊ လာလီဂါ အမွတ္ေပး ဖလား ေတြ ရယူ ႏုိင္ခဲ့ ကာ သူကိုယ္တုိင္ လည္း ေဘာလံုး ကမၻာ ရဲ႕ ဂုဏ္ သိကၡာႀကီး မားတဲ့ ေရႊေဘာလံုး ဆု ေတြ ၊ ဖီဖာ ကမၻာ့ အေကာင္းဆံုး ေဘာလံုး သမား ဆုေတြ ကို ရရွိ ပုိင္ဆုိင္ ခဲ့ ဖူးသူ ျဖစ္ ပါတယ္ ။
ေဘာလံုး သမား ဘ၀ မွာ လက္ဖ်ား ေငြရႊင္ ခဲ့ ေပမယ့္ ဒင္ညဳိ ရဲ႕ မဆင္ မျခင္ သံုးစြဲမႈ ေတြ က လစာ ေကာင္းမြန္ တဲ့ အလုပ္ မရွိ ေတာ့ ခ်ိန္ မွာ အခက္ အခဲ ေတြ ျဖစ္ေပၚ ေစခဲ့ ပါတယ္ ။ ယခု အခ်ိန္ မွာေတာ့ ဒင္ညဳိ ရဲ႕ ဘ၀ ဟာ ေဘာလံုး ကစားခဲ့စဥ္ က အေျခ အေန ေတြ နဲ႔ ဆန္႔က်င္ လုိ႔ ေနခဲ့ ပါပီ . . .
SPORTS MYANMAR
Unicode
ဘဏ်စာအုပ်ထဲမှာ ပိုက်ဆံ ၅ ပေါင် သာရှိတော့တဲ့ ဒင်ညို
=======================================
ဘောလုံး ကစား သမား ဘဝ နေဝင် အပြီး မှာ တော့ ဘရာဇီး စတား ရော်နယ်ဒင်ညို တစ် ယောက် အခက် အခဲ အကျပ် အတည်း တွေ နဲ့ ရင်ဆိုင် နေရပြီ ဖြစ် ပါတယ် ။ သူ့ရဲ့ ငွေ စု ဘဏ် စာရင်း ထဲ မှာ ၅ ပေါင် သာ ကျန်ရှိ တော့ ပြီး ပေးဆပ် ဖို့ တင်ရှိ နေတဲ့ အကြွေး ပမာဏ က ပေါင် ၁.၇၅ သန်း အထိ တောင် ရှိ နေတယ် လို့ သိရ ပါတယ် ။
ဒါကြောင့် ဘရာဇီး နိုင်ငံ တရားရုံး က ဒင်ညို ရဲ့ ပတ်စ်ပို့ ကို သိမ်းဆည်း ထားဖို့ ညွှန်ကြား လိုက်ပြီး တရား ရင်ဆုင် ရတော့ မယ် လို့ သိရ ပါတယ် ။ စပိန် အခြေ စိုက် သတင်းဌာန Marca ရဲ့ ဖော်ပြ ချက် မှာ တော့ တာဝန် ရှိ သူတွေ ဟာ ဒင်ညို ရဲ့ ဘဏ်စာရင်း ကို စစ်ဆေး ခဲ့ပြီး ပေါင် ၅.၂၄ ဒေါ်လာ ( မြန်မာ ငွေ ၁၀၈၇၉ ကျပ် ) သာ ရှိ တော့တယ် လို့ သိရ ပါတယ် ။
ဒင်ညို နဲ့ သူ့ရဲ့ အကို ဖြစ်သူ ရော်ဘတ်တို အဆစ် တို့ ဟာ တရားဝင် ခွင့်ပြုချက် မရရှိ ဘဲ ဆောက်လုပ် ခွင့် မရှိ တဲ့ နေရာ မှာ အဆောက် အဦး တည်ဆောက် မှု အတွက် ဥပဒေ အရ ဒဏ်ငွေ ချမှတ် ခံ ထား ရ သူတွေ ဖြစ် ပါတယ် ။
အဆိုပါ ဒဏ်ငွေ ကို ပေးဆောင် ဖို့ ဒင်ညို ဟာ ငွေချေး ခဲ့ ရပြီး အတိုးနှုန်း မြင့်မား တာ ကြောင့် ပြန်ဆပ် ဖို့ အခက် အခဲ ဖြစ်ခဲ့ ရတယ်လို့ သိရ ပါတယ် ။ ဒင်ဟို ဟာ ပြီးခဲ့တဲ့ အပတ် တွေ မှာ တရုတ် ၊ ဂျပန် တို့ ကို သွားရောက် ပြီး ကြော်ငြာ ဆိုင်ရာ စီးပွားရေး အလုပ်တွေ ကို လိုက်လံ လုပ်ဆောင် ခဲ့ပြီး အကြွေး တွေ ကို ချေပ ဖို့ ရုန်းကန် ခဲ့ ရ ပါတယ် ။
ဒါပေမယ့် ယခု အချိန် မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှု ကင်းမဲ့လု နီးပါး အနေ အထား ကြောင့် ထွက်ပြေး တိမ်းရှောင် ခြင်း မဖြစ်ရ အောင် ပတ်စ်ပို့ ကို ထိန်းသိမ်း လိုက်ပြီ ဖြစ် တယ် လို့ သိရ ပါတယ် ။
ရော်နယ်ဒင်ညို ဟာ ဘရာဇီး နဲ့ ဘာစီလိုနာ အသင်း တွေ မှာ ထွန်း တောက် ခဲ့ တဲ့ ဘောလုံး သမား တစ်ဦး ဖြစ် ပြီး သမိုင်း တစ်လျောက် ဖျော်ဖြေမှု စွမ်းရည် အပြည့်ဝ ဆုံး ဘောလုံး သမား တွေ ထဲ က တစ်ဦး အဖြစ် သတ်မှတ် ခြင်း ခံ ထားရသူ လည်း ဖြစ် ပါတယ် ။
ဒင်ညို ဟာ ဘရာဇီး အသင်း နဲ့ ၂၀၀၂ ကမ္ဘာ့ ဖလား ကို ရယူ ခဲ့ ဖူး သလို ဘာစီလိုနာ အသင်း နဲ့ လည်း ချန် ပီယံ လိဂ် ဖလား ၊ လာလီဂါ အမှတ်ပေး ဖလား တွေ ရယူ နိုင်ခဲ့ ကာ သူကိုယ်တိုင် လည်း ဘောလုံး ကမ္ဘာ ရဲ့ ဂုဏ် သိက္ခာကြီး မားတဲ့ ရွှေဘောလုံး ဆု တွေ ၊ ဖီဖာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား ဆုတွေ ကို ရရှိ ပိုင်ဆိုင် ခဲ့ ဖူးသူ ဖြစ် ပါတယ် ။
ဘောလုံး သမား ဘဝ မှာ လက်ဖျား ငွေရွှင် ခဲ့ ပေမယ့် ဒင်ညို ရဲ့ မဆင် မခြင် သုံးစွဲမှု တွေ က လစာ ကောင်းမွန် တဲ့ အလုပ် မရှိ တော့ ချိန် မှာ အခက် အခဲ တွေ ဖြစ်ပေါ် စေခဲ့ ပါတယ် ။ ယခု အချိန် မှာတော့ ဒင်ညို ရဲ့ ဘဝ ဟာ ဘောလုံး ကစားခဲ့စဉ် က အခြေ အနေ တွေ နဲ့ ဆန့်ကျင် လို့ နေခဲ့ ပါပီ . . .
SPORTS MYANMAR

Post a Comment

0 Comments