ကိုကင္းဘုရင္ ပါဘလိုအက္စ္ကိုဘာ (သို ့) ကမၻာ့အခ်မ္းသာဆံုး မူးယစ္ရာဇာ


ပါဘလို အမီလီယို အက္စ္ကိုဘာ ဂါဗီရီးယာ (အဂၤလိပ္: Pablo Emilio Escobar Gaviria; စပိန္အသံထြက္: [ˈpaβ̞lo eˈmiljo eskoˈβ̞aɾ ɣ̞aˈβ̞iɾja]၊ ၁၉၄၉ ခုႏွစ္ ဒီဇင္ဘာလ ၁ - ၁၉၉၃ ခုႏွစ္ ဒီဇင္ဘာလ ၂) သည္ ကိုလံဘီယန္ မူးယစ္ရာဇာ ႏွင့္ မူးယစ္အၾကမ္းဖက္သမား တစ္ဦး ျဖစ္သည္။ အေမရိကန္ျပည္ေထာင္စုတြင္းသို႔ တရားမဝင္တင္သြင္း လာေသာ ကိုကိန္း ၈၀%ကို သူ႕အဖြဲ႕က သြင္းခဲ့ျခင္းျဖစ္ၿပီး စီးပြားအျဖစ္ခဲ့ဆုံးအခ်ိန္မွာ ကိုယ္ပိုင္ဝင္ေငြမွာ တစ္ႏွစ္လ်င္ အေမရိကန္ေဒၚလာ ၂၁.၉ ဘီလ်ံေက်ာ္ ရွိသည္။[၂][၃] "ကိုကိန္းဘုရင္" ဟု အမွတ္သညာျပဳခံရသည့္ အက္စ္ကိုဘာသည္ သမိုင္းတေလ်ာက္ အခ်မ္းသာဆုံး ရာဇဝတ္သားျဖစ္ၿပီး၊ ၁၉၉၀ အေစာပိုင္းႏွစ္မ်ား တြင္ အေမရိကန္ေဒၚလာ ၂၅ ႏွင့္ သန္း ၃၀ ၾကား (၂၀၁၇ ခုႏွစ္ အတိုင္းအတာႏွင့္ဆိုလွ်င္ ၄၈.၅- ၅၆ ဘီလ်ံနဲ႕ညီမွ်) ႂကြယ္ဝသည္ဟု ခန႔္မွန္းရသည္။[၄][၅] သို႔ျဖစ္ရာ ၎ အထြဋ္အထိပ္ေရာက္ခ်ိန္တြင္ ကမၻာ့အခ်မ္းသာဆုံးသူမ်ားအနက္မွ တစ္ဦးအပါအဝင္ ျဖစ္ခဲ့သည္။[၆][၇]

ကိုလံဘီယာနိုင္ငံ၊ ရီယိုနဲဂရိုးတြင္ ေမြးဖြားခဲ့ၿပီး အနီးရွိ မက္ဒဲလင္ အရပ္တြင္ ႀကီးျပင္းသည္။ လက္တင္အေမရိက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရ မက္ဒဲလင္တကၠသိုလ္တြင္ ေခတၱ တက္ေရာက္ၿပီး ဘြဲ႕မရမီ ေက်ာင္းမွ ထြက္သည္။ ေမွာင္ခို တင္သြင္းေသာ စီးကရက္မ်ား၊ ထီလက္မွတ္အတုမ်ား ေရာင္းခ်ျခင္းကဲ့သို႔ ရာဇဝတ္မႈမ်ားတြင္ စတင္ ပါဝင္ ပတ္သက္ၿပီး ကားခိုးယူမႈမ်ားတြင္လည္း ပါဝင္ခဲ့သည္။ ကိုကိန္းမႈန႔္ ကိုယ္တိုင္ မျဖန႔္ျဖဴးခင္ႏွင့္ ၁၉၇၅ တြင္ ပထမဆုံး အႀကိမ္အျဖစ္ အေမရိကန္ျပည္ေထာင္စုသို႔ ေမွာင္ခိုလမ္းေၾကာင္း မေဖာက္မီ ၁၉၇၀ ခုႏွစ္မ်ားအတြင္း ေမွာင္ခို ပစၥည္း တင္သြင္းသူမ်ားအတြက္ လုပ္ကိုင္ေပးျခင္း ၊ ျပန္ေပးေငြရရန္ လူျပန္ေပးဆြဲျခင္းႏွင့္ ထိန္းသိမ္းထားျခင္း တို႔ကို က်ဴးလြန္ခဲ့သည္။ ကိုကိန္းဝယ္လိုအား ျမင့္တက္လာမႈ ေၾကာင့္ အက္စ္ကိုဘာ၏ အေမရိကန္မူးယစ္ေဈးကြက္သို႔ ထိုးေဖာက္မႈ မွာ အဆမ်ားစြာ က်ယ္ျပန႔္လာခဲ့ၿပီး ၁၉၈၀ ခုႏွစ္ အေရာက္ တြင္ ကိုလံဘီယာမွ အေမရိကန္သို႔ ကိုကိန္း တန္ ၇၀ မွ ၈၀ ထိ လစဥ္ တင္ပို႔ခဲ့သည္။ မက္ဒဲလင္း ကာတဲလ္ ဟု အသိမ်ားေသာ သူ၏ မူးယစ္ကြန္ရက္ႏွင့္ ျပည္တြင္းျပည္ပ မွ အျခားအဖြဲ႕မ်ား ယွဥ္ၿပိဳင္ၾကရာ ရဲအရာရွိမ်ား ၊ တရားသူႀကီးမ်ား၊ ေဒသခံမ်ားႏွင့္ လူသိမ်ား ထင္ရွားေသာ နိုင္ငံေရးသမားမ်ားကို အစုအလိုက္အၿပဳံလိုက္ သတ္ျဖတ္ျခင္း ႏွင့္ အသတ္ခံရျခင္းတို႔ ျဖစ္ေပၚခဲ့သည္။

၁၉၈၂ ခုႏွစ္တြင္ လစ္ဘရယ္လ္ေအာ္လ္တာနတဗစ္ လႈပ္ရွားမႈ၏ အစိတ္အပိုင္းအျဖစ္ေသာ ကိုလံဘီယာကိုယ္စားလွယ္မ်ားခ်ိန္ဘာ၏ အရန္အဖြဲ႕ဝင္အျဖစ္ အက္စ္ကိုဘာအေ႐ြးခ်ယ္ခံရသည္။ ဤမွတဆင့္ ကိုလံဘီယာအေနာက္ပိုင္းတြင္ အိမ္မ်ား ေဘာလုံးကြင္းမ်ား ေဆာက္လုပ္ရန္ တာဝန္ထမ္း႐ြက္ရာ ၊ ၎မၾကာခဏသြားေရာက္ရာ အရပ္မွ ၿမိဳ႕ခံမ်ားအၾကား မွတ္သားေလာက္ေအာင္ ေရပန္းစားထင္ရွားလာခဲ့သည္။ သို႔ေသာ္ ကိုလံဘီယာမွာ ကမၻာ့လူသတ္ပြဲၿမိဳ႕ေတာ္တမွ် ျဖစ္လာရာ အက္စ္ကိုဘာမွာ ကိုလံဘီယန္ႏွင့္ အေမရိကန္အစိုးရတို႔၏ ျပင္းျပင္းထန္ထန္ စြပ္စြဲျပစ္တင္မႈခံရသည္။[၈] ၁၉၉၃ ခုႏွစ္၊ အက္စ္ကိုဘာ၏ ၄၄ ႏွစ္ ေျမာက္ ေမြးေန႕ၿပီး ေနာက္တေန႕တြင္ ၎၏ေမြးရပ္ေျမ၌ ကိုလံဘီယန္ နိုင္ငံေတာ္ ရဲတပ္ဖြဲ႕၏ ပစ္ခတ္သတ္ျဖတ္ျခင္းခံရသည္။




ပါဘလို အမီလီယို အက်စ်ကိုဘာ ဂါဗီရီးယာ (အင်္ဂလိပ်Pablo Emilio Escobar Gaviriaစပိန်အသံထွက်: [ˈpaβ̞lo eˈmiljo eskoˈβ̞aɾ ɣ̞aˈβ̞iɾja]၊ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁ - ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂) သည် ကိုလံဘီယန် မူးယစ်ရာဇာ နှင့် မူးယစ်အကြမ်းဖက်သမား တစ်ဦး ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင်းသို့ တရားမဝင်တင်သွင်း လာသော ကိုကိန်း ၈၀%ကို သူ့အဖွဲ့က သွင်းခဲ့ခြင်းဖြစ်ပြီး စီးပွားအဖြစ်ခဲ့ဆုံးအချိန်မှာ ကိုယ်ပိုင်ဝင်ငွေမှာ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၂၁.၉ ဘီလျံကျော် ရှိသည်။[၂][၃] "ကိုကိန်းဘုရင်" ဟု အမှတ်သညာပြုခံရသည့် အက်စ်ကိုဘာသည် သမိုင်းတလျောက် အချမ်းသာဆုံး ရာဇဝတ်သားဖြစ်ပြီး၊ ၁၉၉၀ အစောပိုင်းနှစ်များ တွင် အမေရိကန်ဒေါ်လာ ၂၅ နှင့် သန်း ၃၀ ကြား (၂၀၁၇ ခုနှစ် အတိုင်းအတာနှင့်ဆိုလျှင် ၄၈.၅- ၅၆ ဘီလျံနဲ့ညီမျှ) ကြွယ်ဝသည်ဟု ခန့်မှန်းရသည်။[၄][၅] သို့ဖြစ်ရာ ၎င်း အထွဋ်အထိပ်ရောက်ချိန်တွင် ကမ္ဘာ့အချမ်းသာဆုံးသူများအနက်မှ တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။[၆][၇]
ကိုလံဘီယာနိုင်ငံ၊ ရီယိုနဲဂရိုးတွင် မွေးဖွားခဲ့ပြီး အနီးရှိ မက်ဒဲလင် အရပ်တွင် ကြီးပြင်းသည်။ လက်တင်အမေရိက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ မက်ဒဲလင်တက္ကသိုလ်တွင် ခေတ္တ တက်ရောက်ပြီး ဘွဲ့မရမီ ကျောင်းမှ ထွက်သည်။ မှောင်ခို တင်သွင်းသော စီးကရက်များ၊ ထီလက်မှတ်အတုများ ရောင်းချခြင်းကဲ့သို့ ရာဇဝတ်မှုများတွင် စတင် ပါဝင် ပတ်သက်ပြီး ကားခိုးယူမှုများတွင်လည်း ပါဝင်ခဲ့သည်။ ကိုကိန်းမှုန့် ကိုယ်တိုင် မဖြန့်ဖြူးခင်နှင့် ၁၉၇၅ တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့  မှောင်ခိုလမ်းကြောင်း မဖောက်မီ ၁၉၇၀ ခုနှစ်များအတွင်း မှောင်ခို ပစ္စည်း တင်သွင်းသူများအတွက် လုပ်ကိုင်ပေးခြင်း ၊ ပြန်ပေးငွေရရန် လူပြန်ပေးဆွဲခြင်းနှင့် ထိန်းသိမ်းထားခြင်း တို့ကို ကျူးလွန်ခဲ့သည်။ ကိုကိန်းဝယ်လိုအား မြင့်တက်လာမှု ကြောင့် အက်စ်ကိုဘာ၏ အမေရိကန်မူးယစ်ဈေးကွက်သို့ ထိုးဖောက်မှု မှာ အဆများစွာ ကျယ်ပြန့်လာခဲ့ပြီး ၁၉၈၀ ခုနှစ် အရောက် တွင် ကိုလံဘီယာမှ အမေရိကန်သို့ ကိုကိန်း တန် ၇၀ မှ ၈၀ ထိ လစဉ် တင်ပို့ခဲ့သည်။ မက်ဒဲလင်း ကာတဲလ် ဟု အသိများသော သူ၏ မူးယစ်ကွန်ရက်နှင့် ပြည်တွင်းပြည်ပ မှ အခြားအဖွဲ့များ ယှဉ်ပြိုင်ကြရာ ရဲအရာရှိများ ၊ တရားသူကြီးများ၊ ဒေသခံများနှင့် လူသိများ ထင်ရှားသော နိုင်ငံရေးသမားများကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း နှင့် အသတ်ခံရခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
၁၉၈၂ ခုနှစ်တွင် လစ်ဘရယ်လ်အော်လ်တာနတဗစ် လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ်သော ကိုလံဘီယာကိုယ်စားလှယ်များချိန်ဘာ၏ အရန်အဖွဲ့ဝင်အဖြစ် အက်စ်ကိုဘာအရွေးချယ်ခံရသည်။ ဤမှတဆင့် ကိုလံဘီယာအနောက်ပိုင်းတွင် အိမ်များ ဘောလုံးကွင်းများ ဆောက်လုပ်ရန် တာဝန်ထမ်းရွက်ရာ  ၊ ၎င်းမကြာခဏသွားရောက်ရာ အရပ်မှ မြို့ခံများအကြား မှတ်သားလောက်အောင် ရေပန်းစားထင်ရှားလာခဲ့သည်။ သို့သော် ကိုလံဘီယာမှာ ကမ္ဘာ့လူသတ်ပွဲမြို့တော်တမျှ ဖြစ်လာရာ အက်စ်ကိုဘာမှာ ကိုလံဘီယန်နှင့် အမေရိကန်အစိုးရတို့၏ ပြင်းပြင်းထန်ထန် စွပ်စွဲပြစ်တင်မှုခံရသည်။[၈] ၁၉၉၃ ခုနှစ်၊ အက်စ်ကိုဘာ၏ ၄၄ နှစ် မြောက် မွေးနေ့ပြီး နောက်တနေ့တွင် ၎င်း၏မွေးရပ်မြေ၌  ကိုလံဘီယန် နိုင်ငံတော် ရဲတပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းခံရသည်။

Post a Comment

0 Comments